International Celebrity: ဟီလာရီကိုပဲ မဲပေးမှာပါလို့ ကြေညာလိုက်တဲ့ ကင်မ်ကာဒါရှီယန်

ကင်မ်က ဒေါ်နယ်ထရန့်ကို မဲပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အတွက် အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်က သူမဟာ ဒေါ်နယ်ထရန့်ကို မဲပေးမှာ မဟုတ်ဘူးဆိုတာကို တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်က ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ကိုသာ မဲပေးမှာဖြစ်ကြောင်း အတိအလင်းကြေညာလိုက်ပါတယ်။

play

 

သူမဟာ ရီပါဘလစ်ကန် စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်ကို မဲပေးမယ့်သူလို့ သတင်းတွေ ထွက်လာတဲ့အတွက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

play

 

"သံသယလုံးဝမရှိဘဲ ဟီလာရီဘက်က ရပ်တည်မှာပါ။ ကျွန်မက သူ့ဘက်ကပါ။ ဟီလာရီဟာ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုပါလိမ့်မယ်။ သူမဟာ ဒီအလုပ်အတွက် အသင့်အတော်ဆုံးပါ" လို့ ကင်မ်က ပြောခဲ့ပါတယ်။

play

 

"ဒီနှစ်မှာ ကျွန်မတစ်ယောက်တည်းအတွက် မဲပေးရတာမဟုတ်ဘဲ ကျွန်မကလေးတွေအတွက်လည်း ပါတဲ့အတွက် သေချာစဉ်းစားဆုံးဖြတ်ခဲ့တာပါ" လို့ သူမက ဆိုခဲ့ပါတယ်။

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ