AD
AD
AD
play

 

ဂျက်စတင်ဘီဘာဟာ သူ့ကို တစ်ခဲနက် အားပေးနေကြတဲ့ ပရိသတ်ကို စိတ်ပျက်အောင်လုပ်ခဲ့ပါတယ်။

Purpose World Tour နဲ့ ဥရောပကို လှည့်လည်ဖျော်ဖြေနေတဲ့ ဂျေဘီဟာ နော်ဝေးကို ရောက်ရှိချိန်မှာ ပရိသတ်ကို ကောင်းကောင်းမွန်မွန် မတုံ့ပြန်ခဲ့ပါဘူး။

play

 

ဂျက်စတင်ဘီဘာဖြတ်လျှောက်သွားချိန်မှာ သူ့ရဲပရိသတ်တချို့က စောင့်ကြိုအားပေးနေကြပုံကို လူတစ်ယောက်က ဖုန်းနဲ့ ရိုက်ကူးထားပါတယ်။

ဂျက်စတင်ဘီဘာကို အော်ဟစ်နှုတ်ဆက်နေကြတဲ့ ပရိသတ်ကြီးကို "ခင်ဗျားတို့တွေ စိတ်ပျက်ဖို့ကောင်းတယ်" (You guys suck) လို့ ဂျေဘီက စိတ်ဆိုးမာန်ဆိုးနဲ့ တုံ့ပြန်လိုက်တာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

play

 

ဂျေဘီရဲ့ ပြောစကားကြောင့် လူအုပ်ကြီးဟာ ချက်ချင်း စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်တဲ့ အသံတွေကိုလည်း ကြားလိုက်ရပါတယ်။

 

ှSource & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD