International Celebrity: အဲလိဇဘတ်ဘုရင်မကြီးနဲ့ ပြဿနာတက်နိုင်တဲ့ အပြုအမူကို လုပ်လိုက်တဲ့ ကိတ်

, updated

ကိတ်ဟာ တော်ဝင်မျိုးနွယ်ဖြစ်ကတည်းက အနေအထိုင်နဲ့ ပတ်သက်ပြီး ပြောစရာရယ်လို့ မရှိခဲ့ပါဘူး

play

 

လွန်ခဲ့တဲ့ ၅ နှစ်ကစလို့ အဲလိဇဘတ်ဘုရင်မကြီးရဲ့မြေး ဝီလျံနဲ့ လက်ဆက်ခဲ့ပြီးကတည်းက တော်ဝင်မျိုးဖြစ်လာတဲ့ ကိတ်မစ်ဒယ်တန်ဟာ ဘာအမှားမှ မရှိသလောက် ကောင်းမွန်စွာ နေထိုင်ခဲ့သူပါ။

play

 

ဒါပေမဲ့ ဒီတစ်ခါတော့ နန်းဆန်လှတဲ့ ဘုရင်မကြီး မကြိုက်မယ့် အပြုအမူတစ်ခုကို ကိတ်က  ပြုလုပ်ခဲ့ပါတယ်။

ကနေဒါကို ၈ ရက်တာ လည်ပတ်မယ့် ဝီလျံနဲ့ ကိတ်မိသားစုဟာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီက ဗြိတိသျှကိုလံဗီယာ၊ ဗစ်တိုးရီးယားမြို့ကို ရောက်ရှိခဲ့စဉ်မှာ သမီးလေး ရှားလော့တ်ကို ချီထားတဲ့ ကိတ်ဟာ သားဖြစ်သူ မင်းသား ဂျော့ဂ်ျနဲ့ စကားပြောဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပါတယ်။

play

 

ကိတ်ဟာ သမီးငယ်ကိုချီပြီး တော်ဝင် ကနေဒီယံလေတပ်ရဲ့ ဂျက်လေယာဉ်ပေါ်က ဆင်းလာပြီးတဲ့နောက် ဝီလျံနဲ့ လက်ချင်းတွဲထားတဲ့ သားရှေ့မှာ ထိုင်ချလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ မိဘတိုင်း သားသမီးတွေရှေ့မှာ ပြုလုပ်ဖူးတဲ့အရာဖြစ်ပေမဲ့လည်း မင်းသားဝီလျံကို မလျော်ကန်တဲ့ အပြုအမူကြောင့် ဘုရင်မကြီးက ဆူပူခဲ့ဖူးလေတော့ ကိတ်တစ်ယောက် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းမခံရဖို့သာ မျှော်လင့်နိုင်ပါတယ်။

play

 

ဇွန်လတုန်းက မင်းသားလေး ဂျော့ဂ်ျကို စကားပြောဖို့ ဝီလျံက အခုလိုပဲ ထိုင်ချခဲ့တုန်းက ပြန်ထဖို့ ဘုရင်မကြီးက ပြောခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ