AD
AD
AD
play

 

အိမ်ထောင်သက် ၂ နှစ်သာ ကြာခဲ့တဲ့ ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီတို့ စုံတွဲဟာ သူတို့ရဲ့ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၄၀၀ ကို ခွဲဝေခြင်းနဲ့ ပတ်သက်ပြီး လက်မထပ်ခင်ကတည်းက ကြိုတင်သဘောတူညီမှု ပြုလုပ်ခဲ့ပြီးသားလို့ သိရပါတယ်။

play

 

သူတို့နှစ်ဦး ပိုင်ဆိုင်တဲ့အိမ် ၁၂ လုံးရှိပြီး ဘရတ်ပစ်က ၇ လုံးပိုင်ဆိုင်ကာ ဂျိုလီက ၂ လုံး ပိုင်ပြီး ကျန်တဲ့ အိမ် ၃ လုံးကိုတော့ သူတို့နှစ်ယောက် လက်မထပ်ရသေးပေမဲ့ တွဲနေစဉ် ကာလက ဝယ်ထားတာ ဖြစ်ပါတယ်။

play

 

"ကလေးတွေကို အုပ်ထိန်းခွင့်ရဖို့သာ သူတို့က ပြောဆိုသွားမှာပါ။ ဘရတ်က ကလေး ၆ ယောက်စလုံးကို အတူနေထိုင်ခွင့်လည်းရမယ့် ပူးတွဲအုပ်ထိန်းခွင့်ရဖို့အတွက် ကြိုးပမ်းသွားဖို့ စီစဉ်ထားပါတယ်" လို့ TMZ သတင်းဌာနက ဖော်ပြထားပါတယ်။

play
ဂျိုလီရိုက်ကူးခဲ့တဲ့ By the Sea ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့စဉ်။

 

ဂျိုလီကတော့ (ကလေးတွေရဲ့ ပညာရေး၊ ဘာသာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အချက်တွေမှာ ဆုံးဖြတ်ခွင့်ရမယ့်) ဥပဒေကြောင်းအရသာ ပူးတွဲအုပ်ထိန်းခွင့်ပေးချင်ပေမဲ့ ကလေးတွေကို သူမနဲ့သာ အတူနေစေဖို့ ကြိုးပမ်းနေပါတယ်။

ဂျိုလီဟာ ဘရတ်ပစ်ရဲ့ ဖုန်းနံပါတ်ကိုပါ Block လိုက်ပြီလို့လည်း သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD