International Celebrity: ကလေးနှစ်ဦးရပြီးမှ လမ်းခွဲလိုက်ကြတဲ့ နာအိုမီဝပ်နဲ့လိဗ်ရှရိုင်ဘာ

, updated

ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်မထပ်ဘဲ အတူပေါင်းသင်းခဲ့ကြတာပါ။

play

 

ဗြိတိန်မင်းသမီး နာအိုမီ ၀ပ်နဲ့ အမေရိကန်သရုပ်ဆောင်ဒါရိုက်တာ လိဗ်ရှရိုင်ဘာတို့ဟာ ၁၁ နှစ် ကြာ ပေါင်းသင်းလာခဲ့ရာကနေ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။ နှစ်ယောက်ပေါင်းပြီး အသိပေးချက်တစ်စောင် ထုတ်ပြန်လိုက်ကြတာပါ။

play
၂၀၀၆ ခုနှစ်က အတူယှဉ်တွဲပြီး ပွဲတက်လာကြစဉ်

 

နှစ်ယောက်သား ချစ်သူတွေအဖြစ်ကနေ လမ်းခွဲလိုက်ကြပေမဲ့ ကြီးကျယ်ခမ်းနားတဲ့အချစ်တွေ၊ အပြန်အလှန်လေးစားမှုနဲ့ ခင်မင်ရင်းနှီးမှုတွေကို ရင်ထဲမှာဆက်လက်ထားရှိမှာဖြစ်ကာ ကလေးတွေကိုလည်း အတူစောင့်ရှောက်သွားမယ်လို့ ဆိုကြပါတယ်။ သတင်းသမားတွေအနေနဲ့လည်း ကလေးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပေးစေလိုကြောင်း ထည့်သွင်းပြောကြားသွားကြပါတယ်။

play

လိဗ်နဲ့ နာအိုမီတို့ဟာ ၂၀၀၅ ခုနှစ်ကတည်းက အတူပေါင်းသင်းလာခဲ့တာဖြစ်ပြီး အသက် ၉ နှစ်နဲ့ ၇ နှစ်အရွယ် သားနှစ်ယောက်ထွန်းကားခဲ့ကြပါတယ်။ တရားဝင်လက်ထပ်ခြင်းတော့ မပြုခဲ့ကြပါဘူး။

Source : USA Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ