International Celebrity: ဘရတ်ပစ်နဲ့ ဂျိုလီ ကွဲတာ စိတ်မဝင်စားဘူးဆိုတဲ့ အဒဲလ်

, updated

စိတ်မကောင်းကြောင်း ပြောခဲ့တာ ဘာရယ်လို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ် အဆိုတော် အဒဲလ်ဟာ စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်တဲ့ သူမရဲ့ရှိုးပွဲတစ်ခုမှာ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲခြားဟာ ခေတ်တစ်ခေတ်ရဲ့ အဆုံးသတ်ပဲလို့ ဝမ်းနည်းစွာ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလိုပြောခဲ့တာဟာ စိတ်ထဲမှာ တကယ်ရှိလို့မဟုတ်ဘူး၊ သူတို့ကွဲတာ စိတ်မဝင်စားဘူးလို့ အဒဲလ်က ဝန်ခံခဲ့ပါတယ်။

"သူတို့ကွဲတာ ကျွန်မဂရုမစိုက်ပါဘူး။ စိတ်ကို မဝင်စားအားဘူး" လို့ အဒဲလ်က ရယ်ရင်း ပွဲလာပရိသတ်တွေကို ပြောခဲ့ပါတယ်။

play

 

စက်တင်ဘာလ ၂၅ ရက်က နယူးယော့ခ်ရှိ Madison Square Garden မှာ ပြုလုပ်တဲ့ ရှိုးပွဲမှာ အဒဲလ်က အဲဒီလို ပွင့်ပွင့်လင်းလင်းပြောလိုက်တော့ ပရိသတ်က လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။

"မီဒီယာက ကျွန်မ အသည်းကွဲကြေနေသလို ရေးနေကြတယ်။ ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မသူတို့နဲ့လည်း မသိဘူး" လို့ သူမက ဆက်ပြောခဲ့ပါတယ်။

"အဆင်မပြေရင် ကွဲမှာပဲလေ။ ကျွန်မဆို အဲဒီလိုပဲ အမြဲလုပ်တယ်။ အဆင်မပြေရင် ထားခဲ့လိုက်တယ်။ သူတို့နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ ကျွန်မ အာရုံထဲမှာ မရှိပါဘူး" လို့ သူမက ပွင့်လင်းစွာ ဆိုခဲ့ပါတယ်။

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ