International Celebrity: ဆိုင်ကယ်အလန်းကြီးနဲ့ အရမ်းမိုက်နေတဲ့ ဒေးဗစ်ဘက်ခမ်း

ဆိုင်ကယ်နဲ့ သူ့ရဲ့တက်တူးတွေက အရမ်းကို လိုက်ဖက်နေပါတယ်။

play

 

အင်္ဂလန်ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းဟာ ဒီကမ္ဘာမြေပေါ်မှာ အခန့်ဆုံး ယောက်ျားတစ်ယောက်အဖြစ် လူအများစုက သတ်မှတ်ထားတဲ့သူပါ။

play

 

စင်တင်ဘာလ ၂၆ ရက်မှာလည်း ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ ဆိုင်ကယ်ကြီးကိုစီးလို့ ခန့်ညားလွန်းတဲ့ သူ့သွင်ပြင်ကို ပိုမိုပေါ်လွင်စေခဲ့ပြန်ပါတယ်။

play

 

အသက် ၄၁ နှစ်အရွယ် ဘက်ခမ်းဟာ သူ့ရဲ့ ဂန္ထဝင်ဆိုင်ကယ်ကြီးစီးလို့ တောင်ကယ်လီဖိုးနီးယားရဲ့ နွေးထွေးလှတဲ့ရာသီဥတုကို ခံစားနေပါတယ်။

ခန့်ညားလှတဲ့ ဆိုင်ကယ်ကြီး၊ လက်မောင်းကတက်တူးတွေနဲ့ ကိုယ်ကျပ်တီရှပ်အဖြူရယ်တို့ကို လိုက်ဖက်ညီညီ တွဲဖက်ထားတဲ့ ဒေးဗစ်ဘက်ခမ်းဟာ ခါတိုင်းထက်တောင် ကြည့်ကောင်းနေပါသေးတယ်။

play

 

စက်တင်ဘာလ ၂၅ ရက်ညက အပြေးသမား အူစိန်ဘို့လ်နဲ့လည်း တွေ့ခဲ့သေးပြီး နှစ်ယောက်အတူ ဓာတ်ပုံရိုက်ခဲ့ကြပါသေးတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ