International Celebrity: ဘရစ်တနေစပီးယား အောင်သွယ်လုပ်ပေးဖူးတယ်လို့ တေလာလောက်တ်နာထုတ်ပြော

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပါ...

play

 

Twilight သရုပ်ဆောင် တေလာလောက်တ်နာက သူနဲ့ ဘရစ်တနေစပီးယားကြားမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ တိုးတိုးတိတ်တိတ်ကိစ္စတစ်ခုကို ထုတ်ပြောလိုက်ပါတယ်။ ဘရစ်တနေက ညီမဖြစ်သူနဲ့ သူ့ကို အောင်သွယ်ပေးဖို့ ကြိုးစားခဲ့ဖူးတယ်လို့ တေလာက ပြောလိုက်တာပါ။

play

 

iHeart Radio ဂီတပွဲတော်အတွင်း အင်တာဗျူးတစ်ခုမှာ " ဘရစ်တနေက သူ့ညီမနဲ့တေလာကို ချိတ်ပေးဖို့လုပ်ခဲ့သေးတယ်မို့လား" လို့ သရုပ်ဆောင် ဂျွန်က တေလာကို ထုတ်မေးလိုက်တာဖြစ်ပါတယ်။ တေလာက " ကျွန်တော်တို့ ချိန်းမတွေ့ဖြစ်ခဲ့ကြပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။  ဒါဟာလွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တာပါလို့လည်း တေလာက ဆက်လက်ပြောကြားခဲ့ပါတယ်။

play

 

ခုတော့ ဘရစ်တနေရဲ့ညီမ ဂျေမီလင်းက အိမ်ထောင်ရက်သားကျနေခဲ့ပြီးဖြစ်ကာ အိမ်ထောင်ရေးလည်း အဆင်ပြေပြေရှိနေပါတယ်။

Source : Teen Vouge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ