play

 

အမေရိကန်သမ္မတသစ်တင်မြှောက်ရေး ရွေးကောက်ပွဲမှာ မဲပေးကြဖို့ လှုံ့ဆော်သူတွေအနက် ပေါ့ပ်အဆိုတော် ကေတီပယ်ရီရဲ့ လှုံ့ဆော်ပုံကတော့ လန်းလွန်းပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ မဲမပေးသင့်ဘူးဆိုတာကို ကိုယ်တိုင်သရုပ်ပြပုံက ခပ်ကြမ်းကြမ်းပါပဲ။

play

 

နိုဝင်ဘာ ၈ ရက်နေ့မှာ မဖြစ်မနေ မဲပေးကြဖို့နဲ့ မဲရုံကို အဝတ်ဗလာနဲ့မသွားဖို့ သူမက ကိုယ်တိုင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ကေတီဟာ အိပ်ရာကနေ ရှုပ်ပွနေတဲ့ဆံပင်နဲ့ နိုးထလာတာနဲ့ အစပျိုးထားပါတယ်။ အဲ့ဒီနောက်မှာတော့ မဲရုံကိုသွားရင်း အဝတ်တွေချွတ်ချလိုက်တာကြောင့် ရဲတွေက သူမကိုဖမ်းခေါ်သွားတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။

play

 

ရဲကားပေါ်မှာလည်း သူမလိုအဖြစ်နဲ့ ကြုံခဲ့ရတာကြောင့် အဖမ်းခံထားရတဲ့ ဂျိုရယ်လ် မက်ဟေးနဲ့ပါ ဆုံလိုက်ပါသေးတယ်။

play

 

" ငါမှားသွားတယ်။ မဲပေးရင် အဝတ်ဝတ်ရမယ်ဗျို့။ နိုဝင်ဘာ ၈ ရက်ကျမှ မဲရုံမှာတွေ့ကြမယ်" လို့ အော်ဟစ်ကာ ရဲကားပေါ် ပါသွားခဲ့ပုံကို Funny or Die ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

Source : Katy Perry Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video