International Celebrity: မော်ဒယ်မလေးတစ်ယောက်နဲ့ ဟာဝိုင်အီမှာ အပန်းဖြေနေတဲ့ နစ်ခ်ဂျိုနာ့စ်

ဗင်နီဇွဲလားမော်ဒယ် ဆာရာဒက်ခ်လက်ဗီဆန်နီနဲ့ တွဲနေတာလို့ သိရပါတယ်။

play

 

နစ်ခ်ဂျိုနာ့ခ်တစ်ယောက် ရည်းစားဟောင်း ကိတ်ဟက်ဆန်ကို မေ့လို့ ရသွားပြီ ထင်ပါတယ်။

play

 

ဟာဝိုင်အီကျွန်း Jumanji ဇာတ်ကား ရိုက်ကူးမှုက အနားယူနေတဲ့ကာလအတွင်း နစ်ခ်ဂျိုနာ့ခ်ဟာ မိန်းမချောလေးတစ်ယောက်နဲ့ ရေကူးကန်ဘေးမှာ သက်သောင့်သက်သာလဲလျောင်းနေတာကို တွေ့ရပါတယ်။

play

 

TMZ ရဲ့ဖော်ပြချက်အရ အဲဒီမိန်းကလေးဟာ ဗင်နီဇွဲလားမော်ဒယ် ဆာရာဒက်ခ်လက်ဗီဆန်နီလို့ သိရပါတယ်။

play

 

အသက် ၃၁ နှစ်အရွယ် မော်ဒယ်မလေးဟာ အနက်ရောင် ရေကူးဝတ်စုံလေးကို ဝတ်လို့ ကန်ဘေးမှာ ခင်းထားတဲ့ မွေ့ရာပေါ်မှာ အနားယူနေပြီး အသက် ၂၄ နှစ်အရွယ် အဆိုတော်လေး နစ်ခ်ကလည်း တီရှပ်အဖြူနဲ့ ဘောင်းဘီတိုလေးကို တွဲဖက်ဝတ်လို့ သူမရဲ့ဘေးမှာ လဲလျောင်းနေပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ