International Celebrity: လူငယ်တွေ မဲပေးကြဖို့ ဆက်စီကျကျ နှိုးဆော်လိုက်တဲ့ ကန်ဒဲလ်ဂျန်နာ

ကန်ဒဲလ်ဂျန်နာဟာ အရမ်းကို ပျော်ရွှင်တက်ကြွနေပါတယ်။

play

 

အသက် ၂၀ အရွယ် စူပါမော်ဒယ်မလေးဟာ မဲဆန္ဒပေးသူများ မှတ်ပုံတင်နေ့ (National Voter Registration Day) မှာ နယူးယော့ခ်က Time Square ကိုသွားပြီး တက်တက်ကြွကြွ လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

play

 

လူငယ်တွေ မဲပေးကြဖို့ ပျော်ပျော်ရွှင်ရွှင်ကြီးပဲ နှိုးဆော်ပေးနေတဲ့ ကန်ဒဲလ်ဂျန်နာဟာ အဖြူအမည်း အင်္ကျီတိုလေးကို ဝတ်လို့ သူမရဲ့ ခါးအလှကို ပြသထားပါသေးတယ်။

play

 

သူမရဲ့ဘေးမှာ ဆယ်ကျော်သက်လေးတွေ ဝိုင်းဝိုင်လည်နေပြီး ဆယ်လ်ဖီ အတူရိုက်ဖို့ စောင့်နေကြတာကို မြင်တွေ့ရပါတယ်။

play

 

တစ်နာရီကြာ ပြသမယ့် လူငယ်တွေမဲပေးဖို့ နှိုးဆော်တဲ့ တီဗွီအစီအစဉ်မှာ ကန်ဒဲလ်ဂျန်နာက ဝင်ရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ