International Celebrity: အကြီးအကျယ် ရန်ဖြစ်နေကြတဲ့ ဂျက်စတင်တင်းဘားလိတ်ခ်နဲ့ ကိတ်ဝင်းစလက်

, updated

နယူးယော့ခ်စီးတီးက ကွန်နီကျွန်းမှာ တွေ့ရတာ ဖြစ်ပါတယ်။

play

 

ပေါ့ပ်စတား ဂျက်စတင်တင်းဘားလိတ်နဲ့ အော်စကာဆုရှင်မင်းသမီး ကိတ်ဝင်းစလက်တို့ဟာ ၁၉၅၀ ပြည့်နှစ်များအတွင်းက အဝတ်အစားတွေကို ဝတ်ဆင်ရင်း ရန်ဖြစ်နေကြပုံကို ရိုက်ကူးနေတာကို မြင်တွေ့ရပါတယ်။

play

 

သရုပ်ဆောင်ဒါရိုက်တာ ဝူဒီအယ်လ်လန် ရိုက်ကူးတဲ့ ဒရာမာဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို သရုပ်ဆောင်နှစ်ဦးလုံးက မာန်ပါပါနဲ့ သရုပ်ဆောင်နေကြတာကို မြင်တွေ့ရပါတယ်။

play

 

ပင်လယ်လေက တဟူးဟူးတိုက်ခတ်နေပြီး နှစ်ဦးစလုံးရဲ့ မျက်နှာတွေကလည်း စိတ်ခံစားမှုအပြည့်နဲ့ ခက်ထန်မာကျောလို့နေပါတယ်။

play

 

ဂျိမ်းဘယ်လူရှီနဲ့ အင်္ဂလိပ်မင်းသမီး ဂျူနိုတမ်ပယ်လ်တို့လည်း ပါဝင်ထားတဲ့ ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်မှာ စတင်ပြသနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

play

 

နာမည်မပေးရသေးတဲ့ ဒီဇာတ်ကားဟာ ဝူဒီရဲ့ ၄၈ ကားမြောက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ