International Celebrity: မက်ဒေါနားကလည်း ဝတ်လစ်စလစ်ပုံတင်ပြီး ဟီလာရီကို မဲပေးဖို့ တိုက်တွန်း

ကေတီပယ်ရီ စတင်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

play

 

ကေတီပယ်ရီဟာ သူမရဲ့ပရိသတ်ကို မကြာခင်ရောက်ရှိတော့မယ့် အမေရိကန်အထွေထွေရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် ဟာသဗီဒီယိုဖိုင်လေးတစ်ခုထဲမှာ အဝတ်အစားအားလုံးကို ချွတ်ချခဲ့တဲ့အတွက် လူအများစုရဲ့ စိတ်ဝင်စား အာရုံစိုက်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ယင်းဗီဒီယိုဖိုင်က ဘယ်လိုပဲ မဲပေးပေး အဝတ်အစားတော့ ဝတ်သွားဖို့နဲ့ အဝတ်အစားမပါရင် အဖမ်းခံရမယ်လို့ အဓိပ္ပာယ်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

အခုလည်း ပေါ့ပ်ဘုရင်မ မက်ဒေါနားက လူအများ စိတ်ဝင်စားအောင် ကေတီပယ်ရီရဲ့နည်းလမ်းကို လိုက်လုပ်ကာ အဝတ်အစားမပါတဲ့ ပုံတစ်ပုံကို အင်စတာဂရမ်မှာတင်ရင်း ဟီလာရီကို မဲပေးဖို့ သူမရဲ့ပရိသတ်ကို တိုက်တွန်းလိုက်ပါတယ်။

play

 

စက်တင်ဘာလ ၂၈ ရက် မနက်ခင်းမှာ တင်လိုက်တဲ့ အဲဒီပုံထဲမှာ သူမဟာ မျက်နှာတစ်ဝက်နဲ့ သူမရဲ့ရင်အပေါ်ပိုင်းကို ဆယ်ဖီရိုက်ထားတာကို တွေ့ရပါတယ်။

"ကေတီပယ်ရီနဲ့အတူ အဝတ်အစားချွတ်ပြီး မဲဆန္ဒပေးပါတယ်။ ဟီလာရီအတွက် မဲပေးကြပါ။ သူက အကောင်းဆုံးပါ။ အဝတ်မဲ့ မဲဆန္ဒပေးခြင်းစီးရီး ၁" လို့ သူမက ရေးသားခဲ့ပါတယ်။

အဲဒီပို့စ်ဟာ ၄၅ မိနစ်အတွင်းမှာ Like ၁၂,၀၀၀ ရရှိခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ