International Celebrity: မိသားစုရေးရာကြောင့် အနုပညာအလုပ်တွေ ပျက်ကွက်ရမဲ့ ဘရတ်ပစ်

, updated

လက်ရှိအခြေအနေမှာ မိသားစုအရေးကို အာရုံစိုက်နေရလို့ပါ

play

 

ဆယ်စုနှစ်တစ်စုကျော်ကြာ ပေါင်းသင်းလာတဲ့ ဇနီးသည်က ရုတ်တရက်ကွာရှင်းခွင့်တောင်းလိုက်သလို ကလေးတွေနဲ့လည်း ခွဲထားလိုက်တာကြောင့် ဘရတ်ပစ်ဟာ အနုပညာအလုပ်တွေဘက် လှည့်မကြည့်နိုင်ပါဘူး။ နောက်ဆုံးရိုက်ကူးထားတဲ့ရုပ်ရှင်ရဲ့ ပထမဆုံးအထူးပွဲလို အရေးကြီးပွဲတွေကိုတောင် မတက်ရောက်နိုင်လောက်အောင် ဖြစ်နေရပါတယ်။

play

 

" ဒီလိုမျိုး ဆွဲဆောင်နိုင်ပြီးပညာလည်းပေးတဲ့ ပရော့ဂျက်တစ်ခုမှာ ပါဝင်ရတာ အရမ်းကိုဝမ်းမြောက်မိပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ မိသားစုအရေးကို အာရုံစိုက်နေရလို့ပါ" ဆိုပြီး ဇာတ်ကားအထူးပွဲ တက်ရောက်မှာမဟုတ်တဲ့အကြောင်း ဘရတ်ပစ်က ထုတ်ပြောခဲ့ပါတယ်။

ဘရတ်ပစ်က Voyage Of Time မှတ်တမ်းရုပ်ရှင်မှာ အသံနဲ့ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ယင်းရုပ်ရှင်အထူးပွဲကို လော့စ်အန်ဂျလိစ်မြို့က California Science Centre Imax ကဇာတ်ရုံမှာ ပြသမှာဖြစ်ပါတယ်။

Source : Vogue

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ