International Celebrity: သူမရဲ့ကိုယ်ထဲမှာ 'ဖိုက်တာ'ရှိတယ်ဆိုတဲ့ ဂျီဂျီဟက်ဒီး

သူမကို ပွေ့ဖက်နောက်ပြောင်သူကို ပြန်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ပြောခဲ့တာဖြစ်ပါတယ်။

play

 

ဂျီဂျီဟက်ဒီးဟာ နောက်ပြောင်သူတစ်ဦးရဲ့ ပွေ့ချီခံရချိန်မှာ ချက်ချင်းတုံ့ပြန်ခဲ့ပြီး သူမတတ်ထားတဲ့ လက်ဝှေ့ပညာကို အသုံးချခဲ့သူ ဖြစ်ပါတယ်။

အခုလို ချက်ချင်းတုံ့ပြန်လိုက်တာဟာ သူမရဲ့ ကိုယ်တွင်းမှာ ဖိုက်တာလေး ရှိနေလို့လို့ ဂျီဂျီဟက်ဒီးက ဆိုပါတယ်။

play

 

"ကျွန်မ အရင်က ဘော်လီဘောကစား။ ကြွက်သားတွေမှာ မှတ်ဉာဏ်ရှိတယ်လို့ ကျွန်မရဲ့နည်းပြတွေက ပြောကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က လက်ဝှေ့စပြီး ကစားခဲ့တယ်။ အဲဒါကို အမြဲတမ်းမှတ်မိနေတယ်" လို့ သူမက စာရေးသား ပြောပြခဲ့တာဖြစ်ပါတယ်။

play

 

"အဲဒီကတည်းကစလို့ ကျွန်မ ပြန်ပြီးတိုက်ခိုက်ရမယ့် အခြေအနေမျိုး မကြုံခဲ့ဖူးဘူး။ ဒါပေမဲ့ သူ ကျွန်မကို ဖက်လိုက်တုန်းက ပြန်လုပ်မယ်ဆိုပြီး လုပ်လိုက်တာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ထဲမှာ ဖိုက်တာက ရှိနေတာ" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ