International Celebrity: ကင်မ်ကာဒါရှီယန်ရဲ့တင်ပါးကို ပြေးနမ်းဖို့ကြိုးစားသူ

တလောတုန်းကလည်း ဂျီဂျီဟက်ဒီးကို အတင်းပွေ့ဖက်ခဲ့ပါသေးတယ်။

play

 

ပါရီကိုရောက်နေတဲ့ ကင်မ်ကာဒါရှီယန်ကို အမျိုးသားတစ်ဦးက နှောင့်ယှက်ဖို့ကြိုးစားလို့ သက်တော်စောင့်တွေက ဝိုင်းဝန်းဖမ်းဆီးလိုက်ရပါတယ်။

play

 

အင်္ဂါနေ့က ပြင်သစ်ဖက်ရှင်ရက်သတ္တပတ်ကို ရောက်ရှိနေလာတဲ့ ကင်မ်ကာဒါရှီယန်ဟာ ကားပေါ်ကဆင်းပြီးလမ်းလျှောက်လာစဉ်မှာ အမျိုးသားတစ်ဦးက သူမရဲ့တင်ပါးကိုနမ်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကင်မ်ရဲ့သက်တော်စောင့်တွေက အချိန်မီ တားဆီးနိုင်ခဲ့လို့ အထမမြောက်လိုက်ရပါဘူး။

play

ဦးထုပ်ဆောင်းပြီး နေကာမျက်မှန်တပ်ထားတဲ့ ယင်းအမျိုးသားဟာ ဆယ်လီတွေကို လိုက်လံစနောက်ဖူးတဲ့ရာဇဝင်လည်းရှိတယ်လို့ သိရပါတယ်။

Source : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ