International Celebrity: တေလာဆွစ်အကြောင်း ဆွေးနွေးခဲ့ကြတဲ့ တွမ်ဟစ်ဒယ်လ်စတန်နဲ့ ဘန်နီဒစ်ကမ်ဘာဘတ်ခ်ျ

အရင်ကတည်းက ခင်မင်နေသူတွေမို့ တွမ်ရဲ့အချစ်ရေးအကြောင်း ပြောဖြစ်ခဲ့ကြတာပါ။

play

 

ဗြိတိန်မင်းသားနှစ်လက်နဲ့ Interview မဂ္ဂဇင်းက အင်တာဗျူးလုပ်ခဲ့ရာမှာ သူတို့နှစ်ယောက်က တေလာဆွစ်ရဲ့အကြောင်းကို ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ တွမ်နဲ့ ကမ်ဘာဘတ်ခ်ျတို့ကလည်း အရင်ကတည်းက ခင်မင်နေသူတွေမို့ တွမ်ရဲ့အချစ်ရေးအကြောင်း ပြောဖြစ်ခဲ့ကြတာပါ။

play

 

တွမ်ရဲ့အလုပ်အကိုင်နဲ့ ကြော်ငြာရတဲ့လုပ်ငန်းတွေက လူသိအောင်လုပ်ရတာဖြစ်လို့ ကိုယ်ပိုင်ဘဝကလည်း ဒီလိုမျိုးပဲဖြစ်သင့်တယ်လို့ Sherlock သရုပ်ဆောင် ကမ်ဘာဘတ်ခ်ျက စကားစပါတယ်။ သူငယ်ချင်းရဲ့ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီး မေးခွန်းတွေမမေးချင်ဘူးလို့လည်း ဆက်လက်ပြောကြားပါတယ်။

play

 

အဲ့ဒီအတွက် တွမ်ကလည်း ကျေးဇူးတင်စကားဆိုခဲ့သလို ကမ်ဘာဘတ်ခ်ျရဲ့ မိသားစုရေးကိုလည်း ပြန်မေးခဲ့ပါတယ်။ ကမ်ဘာဘတ်ခ်ျရဲ့အိမ်ထောင်ရေးက သာယာနေပြီး ကလေးတစ်ဦးလည်းရှိပါတယ်။ " ကျွန်တော့်အတွက်ကတော့ နောင်တရစရာပါပဲ။ မလုပ်ဖြစ်ခဲ့တာတွေကြောင့် နောက်လှည့်ကြည့်ရမှာကြောက်တယ်" လို့ တွမ်က ဆိုခဲ့ပါတယ်။

Source : People

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ