International Celebrity: ဘရတ်ပစ်နဲ့တူတဲ့သူကို ရှာနေတဲ့ ကိတ်ဟက်ဆန်

သူမ လိုချင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ပုံစံကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

play

 

လောလောဆယ် ချစ်သူမရှိတဲ့ ကိတ်ဟက်ဆန်ဟာ ဘရတ်ပစ်နဲ့တူတဲ့သူတစ်ယောက်ကို ရှာနေတယ်လို့ ဆိုပါတယ်။

ခင်ပွန်းလောင်း မတ်ဘယ်လမ်မီနဲ့ ၄ နှစ်တွဲခဲ့ပြီးနောက် လမ်းခွဲလိုက်တဲ့ အသက် ၃၇ နှစ်အရွယ် မင်းသမီးဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ဦးနဲ့ ဒိတ်လုပ်ချင်စိတ်ရှိနေသူပါ။

play
မိခင်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး Goldie Hawn နဲ့အတူ

အန်ဂျလီနာဂျိုလီနဲ့ မကြာသေးမီကမှ လမ်းခွဲလိုက်တဲ့ ဘရတ်ပစ်ကို သူမက အရမ်းချောတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

"အခုအချိန်မှာ ကျွန်မဘာလိုချင်လဲ သိလား။ ဟာသတွေ ပြောတတ်သူ။ ဒါပေမဲ့ အရမ်းမိုက်တဲ့သူကိုလည်း လိုချင်တယ်။ ဘဝအတွက် ပြောတာမဟုတ်ဘူး" လို့ သူမက ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။

play

 

"ဘရတ်ပစ်က အရမ်းအရမ်း ချောတယ်လို့ ကျွန်မထင်တယ်လို့လည်း ကိတ်ဟက်ဆန်က ပြောလိုက်ပါတယ်။

ဒါပေမဲ့ ကိတ်ဟက်ဆန်က ဘယ်သူနဲ့ပဲတွဲတွဲ သူမရဲ့ သားနှစ်ယောက်နဲ့ မိတ်ဆက်မပေးခင်အထိ လူသိရှင်ကြား မပြောဘူးလို့ ဆိုခဲ့ပါတယ်။

Source & Photos  Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ