International Celebrity: ချွိုင်ဂျီဝူးရဲ့ ရိုက်ကွင်းအထိ လက်ဆောင်ပို့ပေးခဲ့တဲ့ ကွမ်ဆန်ဝူး

ချစ်လှေကားထစ်လေးများ ဇာတ်ကားမှာ နှစ်ယောက်တွဲသရုပ်ဆောင်တုန်းက အောင်မြင်ခဲ့ပါတယ်။

play

 

ကွမ်ဆန်ဝူးနဲ့ ချွိုင်ဂျီဝူးတို့ဟာ ဇာတ်ကားတွဲမရိုက်ဖြစ်တော့ပေမဲ့ သူငယ်ချင်းတွေအဖြစ်နဲ့ ရင်းနှီးနေကြတုန်းပါပဲ။ ချွိုင်ရဲ့ ရိုက်ကွင်းထိအောင် ဆန်ဝူးက လက်ဆောင်ပို့ပေးခဲ့ပါသေးတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က 'Woman Who Pulls a Carrier' ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ချွိုင်ဂျီဝူးကို ရိုက်ကွင်းအထိသွားပြီး အဆာပြေစားစရာတွေကို ပို့ပေးခဲ့တာပါ။ လူကိုယ်တိုင်တော့ မရောက်လာခဲ့ပေမဲ့ ချွိုင်နဲ့ ရိုက်ကူးရေးဝန်ထမ်းတွေစားလို့ရအောင် များများစားစား ပို့ပေးခဲ့ပါတယ်။

play

 

 "Woman Who Pulls a Carrier ဇာတ်ကားဟာ အကြီးအကျယ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖိုက်တင်း ချွိုင်ဂျီဝူးရေ... ကွမ်ဆန်ဝူးက အားပေးနေတယ်"ဆိုတဲ့ စာလေးနဲ့အတူ စားစရာတွေရောက်လာခဲ့တာဖြစ်ပါတယ်။

play
ချစ်လှေကားထစ်လေးများ ဇာတ်ကားမှာ နှစ်ယောက်တွဲသရုပ်ဆောင်ခဲ့ပါတယ်။

 

ကွမ်ဆန်ဝူးနဲ့ ချွိုင်ဂျီဝူးတို့ဟာ 'Stairway to Heaven' (ချစ်လှေကားထစ်လေးများ) နဲ့ 'Temptation' ဇာတ်ကားတွေမှာ အပေးအယူမျှမျှ တတသရုပ်ဆောင်ခဲ့ကြပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ