International Celebrity: သားတွေ ဆယ်ကျော်သက်အရွယ်ရောက်မှာ ကြောက်နေတဲ့ ဘရစ်တနေစပီးယားစ်

အခုတောင် ၁၀ နှစ်နဲ့ ၁၁ နှစ်အရွယ် ရှိနေပါပြီ။

play

 

ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကေမှာ လာရောက်ဖျော်ဖြေတဲ့ ဘရစ်တနေရဲ့ ပထမဆုံး ယူကေအင်တာဗျူးမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးနှစ်ယောက်မိခင် ဘရစ်တနေဟာ သူမရဲ့ ရှုပ်ထွေးလှတဲ့ဘဝက လွတ်မြောက်ခဲ့ရတဲ့အတွက် ပျော်ရွှင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

play

 

"ကျွန်မကိုယ်ကျွန်မ အသက် ၂၀ ကျော်အရွယ်ထက် အသက် ၃၀ ကျော်အရွယ်ကို ပိုသဘောကျတယ်။ ကျွန်မရဲ့ ၂၀ ကျော် အချိန်က အရမ်းကို ဆိုးရွားခဲ့ပါတယ်။ ဆယ်ကျော်သက်တုန်းကတော့ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ၃၀ ကျော်အရွယ်ကို ပိုကြိုက်တယ်။ ကိုယ်ဘယ်သူဘယ်ဝါဆိုတာ သိလာတယ်" လို့ သူမက ဆိုပါတယ်။

play

 

ဒါပေမဲ့ တဖြည်းဖြည်းအရွယ်ရောက်လာနေတဲ့ သူမရဲ့သားနှစ်ယောက်ဖြစ်တဲ့ ရှောင်နဲ့ ဂျေဒန်အတွက်တော့ စိုးရိမ်နေပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၀ နှစ်အရွယ်တွေရောက်နေတဲ့သားတွေက နောက်နှစ်အနည်းငယ်အတွင်းမှာ ဆယ်ကျော်သက်လေးတွေ ဖြစ်လာပါတော့မယ်။

play

 

"အသက် ၁၂၊ ၁၃၊ ၁၄၊ ၁၅ အရွယ်တွေက တကယ်ကြောက်စရာကောင်းတယ်ဆိုတာ ကျွန်မသိတဲ့အတွက် လန့်နေမိတယ်" လို့ သူမက ဆိုပါတယ်။

လက်ရှိဘဝမှာ ပျော်ရွှင်နေတဲ့ ဘရစ်တနေဟာ Single ဖြစ်နေရတာကိုလည်း ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါသေးတယ်။

ှSource & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ