International Celebrity: ပါးလွှာတဲ့အဝတ်အစားတွေနဲ့ ရှိုးလျှောက်တဲ့ မော်ဒယ်တွေထက် ပိုလန်းနေတဲ့ ကင်မ်ကာဒါရှီယန်

, updated

ကင်မ်ဟာ အကွက်ကျဲကျဲ ဇာဂါဝန်ကို အတွင်းခံမပါဘဲ ဝတ်ထားပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ဟာ Paris Fashion Week ရဲ့  Balmain Spring/Summer 2017 ရှိုးပွဲ ရှေ့ဆုံးမှာထိုင်လို့ အားလုံးရဲ့ စိတ်ဝင်စားမှုကို ရအောင်ယူခဲ့ပြန်ပါသေးတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်ဟာ အကွက်ကျဲကျဲ ဇာဂါဝန်ကို အတွင်းခံမပါဘဲ ဝတ်လို့ သူမရဲ့ ကမ္ဘာကျော် ကောက်ကြောင်းအလှ အစွမ်းကို ဖော်ပြကာ ဖက်ရှင်ရှိုးကျင်းပရာ ပါရီမြို့ရှိ Hotel Potocki ဟိုတယ်ကို ရောက်ရှိလာခဲ့ပါတယ်။

play

 

ဂျီဂျီဟက်ဒီးဦးဆောင်ပြီး လျှောက်လှမ်းလာတဲ့ မော်ဒယ်တွေဟာ Balmain ရဲ့ ပါးလွှာတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဝတ်ထားပေမဲ့ ပွဲကြည့်စင်ရှေ့ဆုံးမှာထိုင်နေတဲ့ ခရစ္စဂျန်နာတို့သားအမိတွေဟာ ပရိသတ်ရဲ့အာရုံကို ပိုမိုဖမ်းစားနိုင်ခဲ့ပါတယ်။

play

 

ဒီရှိုးပွဲကို ကာဒါရှီယန်မိသားစုရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့ Balmain ရဲ့ ဖန်တီးမှုဒါရိုက်တာ အိုလီဗီယာရောင်းစတင်းက တင်ဆက်တာ ဖြစ်ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ