International Celebrity: ဘရတ်ပစ်ဝယ်ပေးထားတဲ့ တန်ဖိုးကြီးရတနာပစ္စည်းများကိုလည်း လိုချင်ပြန်တဲ့ အန်ဂျလီနာဂျိုလီ

ကလေးတွေကိစ္စတင် မကဘဲ ရတနာကိစ္စတွေပါ ပါလာခဲ့ပါပြီ။

play

 

အန်ဂျလီနာဂျိုလီဟာ ကွာရှင်းခွင့် လျှောက်လွှာထဲမှာ တန်ဖိုးကြီးရတနာတွေနဲ့ အခြား ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

play

 

အသက် ၅၂ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီး ဘရတ်ပစ်ဟာ ချစ်သူနဲ့ အိမ်ထောင် သက်တမ်း ၁၂ နှစ်တာ ကာအတွင်းမှာ ဂျိုလီကိုပေးထားတဲ့ တန်ဖိုးကြီးမားလှတဲ့ရတနာပစ္စည်းတွေ အကုန်ပါဝင်နိုင်ပါတယ်။

အဲဒီထဲမှာ ဒေါ်လာ နှစ်သိန်းခွဲတန် စေ့စပ်စိန်လက်စွပ်လည်း ပါဝင်ပါတယ်။

play

ဘရတ်ပစ်ဟာ တန်ဖိုးကြီးမားလှတဲ့ စိန်ဖြူ စေ့စပ်လက်စွပ်ကို နာမည်ကြီး ရတနာဒီဇိုင်နာ ရောဘတ်ပရိုကောနဲ့အတူ တစ်နှစ်ကျော်ကြာ အချိန်ယူ ဖန်တီးခဲ့ရတာပါ။

၁၆ ကာရက်ရှိတဲ့ စိန်တွေကို အပြားပုံစံလေး ဖြတ်ထုတ်ပြီး ဂျိုလီရဲ့ ရှည်သွယ်တဲ့ လက်ချောင်းလေးတွေနဲ့ လိုက်ဖက်အောင် ပုံဖော်ခဲ့ရတယ်လို့ ပရိုကော့က ပြောပြခဲ့ဖူးပါတယ်။

play

 

ဒါ့အပြင် ဂျိုလီရဲ့ ရတနာသေတ္တာထဲမှာ နောက်ထပ် တန်ဖိုးကြီးရတနာတွေ အများကြီး ရှိပါသေးတယ်။

play

 

၂၀၀၉ ခုနှစ် အကယ်ဒမီဆုပေးပွဲတုန်းက ဂျိုလီဟာ အရည်အသွေးကောင်းလှတဲ့ မြနားဆွဲနဲ့ လက်စွပ်ကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ၁၁၅ ကာရက်ရှိတဲ့ နားဆွဲက ၂.၅ သန်းတန်ပြီး ၆၅ ကာရက်ရှိတဲ့ လက်စွပ်က ဒေါ်လာ ၁ သန်းတန်ပါတယ်။

အဲဒီရတနာတွေဟာ သူမဆီမှာ ရှိသေးလား၊ ပြန်ရောင်းလိုက်ပြီလားဆိုတာကိုတော့ မသိရပါဘူး။

play

 

ကော်ဇောနီပေါ်မှာ သူမဝတ်ဆင်ခဲ့တဲ့ ရတနာအများစုက Beverly Hills ရတနာဒီဇိုင်နာ ပရိုကော့ ဖန်တီးပေးခဲ့တာဖြစ်ပြီး ၂၀၁၀ တုန်းကဆိုရင် ဂျိုလီနဲ့ ပရိုကော့တို့ ပူးပေါင်းကာ Style of Jolie ရတနာစုစည်းမှုကိုတောင် ပူးတွဲတင်ဆက်ခဲ့ပါသေးတယ်။

play

 

ှSource & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ