International Celebrity: မကြိုးစားရဘဲ သူ့အလိုလိုနာမည်ကြီးလာတာဆိုတဲ့ ဂျီဂျီဟက်ဒီး

ကျော်ကြားမှုဆိုတာ ကြိုးစားမှုရဲ့ရလဒ်လို့တော့ အမြဲတမ်း အဓိပ္ပာယ်ဖွင့်ဆိုလို့ မရပါဘူး။

play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးဟာ အသက် ၂၁ နှစ်အရွယ်လေးနဲ့ ရှန်းရှန်းတောက် အောင်မြင်မှုရနေမှုအပေါ် အနည်းငယ်တော့ စိတ်ရှုပ်ထွေးနေပုံပါပဲ။

play

 

"ကျွန်မအတွက် သူ့အလိုလိုဖြစ်လာတာ ထူးဆန်းတယ်" လို့ WSJ မဂ္ဂဇင်းကနေတစ်ဆင့် သူမရဲ့ အင်စတာဂရမ် ပရိသတ် ၂၃ သန်းကို ပြောကြားခဲ့ပါတယ်။

play

 

စူပါမော်ဒယ် ယိုလန်ဒါဟက်ဒီးရဲ့သမီးကြီး ဂျီဂျီဟက်ဒီးဟာ ကျောင်းမှာတုန်းကတော့ သိပ်ပြီး ပေါ်ပြူလာမဖြစ်လှဘူးလို့ ဆိုပါတယ်။

"ကျွန်မ အထက်တန်းကျောင်းစတက်တုန်းက အင်စတာဂရမ်စသုံးတာ ထင်တယ်။ ကျွန်မရဲ့အကောင့် အောက်ဆုံးကို သွားကြည့်ရင် Like ၅၀၀ ပဲရှိတဲ့ ဓာတ်ပုံတွေ ရှိနေတုန်းပဲ" လို့ ဂျီဂျီက ဆိုပါတယ်။

play

"အဲဒီနောက်တော့ ကျွန်မရဲ့ မော်ဒယ်မျိုးဆက်ကြောင့် ဒီလိုပဲဖြစ်လာတယ်" လို့ သူမက ပြောပါတယ်။

ဂျီဂျီဟက်ဒီးကို စင်တင်ပေးခဲ့တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ တွမ်မီဟယ်လ်ဖစ်ဂါကလည်း "မပင်မပန်းနဲ့ သက်သက်သာသာပဲ ဖြစ်လာတယ်လို့ ဆိုရမယ်ထင်တယ်" လို့ ဂျီဂျီနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးပါတယ်။

ှSource & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ