International Celebrity: ဆယ်လီတွေကိုနောက်ပြောင်သူရဲ့ သားကောင်ဖြစ်သွားတဲ့ ဆယ်လီ (၁၁) ဦး

, updated

လောလောလတ်လတ်မှာတော့ ကင်မ်ကာဒါရှီယန်နဲ့ ဂျီဂျီဟက်ဒီးတို့ နောက်ပြောင်ခံလိုက်ရပါတယ်။

play

 

ဒီလထဲမှာပဲ ဂျီဂျီဟက်ဒီးကို နောက်ကနေ ပွေ့ဖက်ခဲ့သလို ကင်မ်ကာဒါရှီယန်ရဲ့ တင်ပါးကို နမ်းဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်းနိုင်ငံသား ဗီတာလီဆက်ဒိုက်ဆိုတဲ့ အမျိုးသားဟာ ဆယ်လီအတော်များများကို အခက်ကြုံအောင် အမြဲတမ်း ပြုလုပ်တတ်သူပါ။

သူ့ရဲ့သားကောင်ဖြစ်သွားသူတွေထဲမှာ လီယိုနာဒိုဒီကက်ပရီယို၊ ဘရတ်ပစ်၊ ဘရက်ဒလေကူးပါး၊ အဒဲလ်နဲ့ မက်ဒေါနားတို့လို နာမည်ကြီး အမြောက်အမြားပါဝင်ပါတယ်။

၁။ မက်ဒေါနား (၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်)

play

 

ဗန်းနစ်ရုပ်ရှင်ပွဲတော်မှာ မက်ဒေါနားကို သူမလုံးဝမကြိုက်တဲ့ ခြောက်လပန်း ပန်းစည်းပေးပြီး နောက်ပြောင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဒေါနားခမြာ သတိလက်လွတ်ဖြစ်ပြီး စာနယ်ဇင်းသမားတွေရှေ့မှာ အဲဒီပန်းတွေကို မုန်းကြောင်း ပြောလိုက်မိတဲ့အတွက် ပရိသတ်ပေးတဲ့ လက်ဆောင်အပေါ် မလေးမစားလုပ်တယ်လို့ အပြောခံခဲ့ရပါသေးတယ်။

၂။ ဝီလ်စမစ် (၂၀၁၂ ခုနှစ် မေလ ၁၈ ရက်)

play

 

မော်စကိုမှာ ပြုလုပ်တဲ့ Men in Black အထူးပွဲမှာ ဆက်ဒိုက်က ဝီလ်စနစ်ကို ဖက်နမ်းခဲ့တာ ဖြစ်ပါတယ်။ "ခင်ဗျားက ဘာဖြစ်တာလဲ" လို့ ဝီလ်စမစ်က သူ့ကို တွန်းထုတ်ရင်း ဒေါသတကြီးဆိုခဲ့ပါတယ်။

၃။ အဒဲလ် (၂၀၁၃ ဖေဖော်ဝါရီလ ၁၀ ရက်)

၂၀၁၃ ဂရမ်မီဆုပေးပွဲမှာ အဒဲလ်က အကောင်းဆုံးတစ်ကိုယ်တော်ဖျော်ဖြေမှုအတွက် ဆုယူစဉ်မှာ ဆက်ဒိုက်ဟာ လက်မှတ်လည်းမပါ၊ ပြောဆိုခွင့်ရှိသူလည်း မဟုတ်ဘဲနဲ့ မိုက်ခရိုဖုန်းနားကပ်ပြီး "တစ်ကမ္ဘာလုံးလွှင့်နေပြီး လူအနည်းငယ်သား သတိထားမိတဲ့အချိန်တစ်ခု" လို့ ရေရွတ်ခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ဆက်ဒိုက်ကို ပွဲကြည့်ရာနေရာကနေ ဖျော်ဖြေရေးနေရာကို လာရောက်မှုနဲ့ အစီအစဉ်မှာ ပါဝင်သူတွေကို နှောင့်ယှက်မှုတို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ယင်းအမှုအတွက် ငြင်းဆန်ခြင်းလုံးဝမပြုလုပ်ခဲ့တဲ့ ဆက်ဒိုက်ကို ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

၎။ ဘရက်ဒလေကူးပါး (၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်)

play

 

အကြိမ် ၂၀ မြောက် Screen Actors Guild Awards မှာ ဆက်ဒိုက်ဟာ ဘရက်ဒလေကူးပါးရဲ့ ခြေထောက်တွေကို ဆွဲဖက်ခဲ့ပါတယ်။ ဘရက်ဒလေကူးပါးဟာ ဆက်ဒိုက်ရဲ့လက်ထဲကနေ ခြေထောက်တွေကို ရုန်းရင်း ပြုံးနေခဲ့ပါတယ်။

၅။ လီယိုနာဒို ဒီကက်ပရီယို (၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်)

play

 

Santa Barbara နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဘရက်ဒလေကူးပါးကို ပြုလုပ်ခဲ့တာနဲ့ ခပ်ဆင်ဆင်တူတဲ့ ပုံစံမျိုးနဲ့ လီယိုနာဒိုကို အခက်တွေ့အောင် လုပ်ခဲ့ပြန်ပါတယ်။ လီယိုက ရယ်မောနေခဲ့ပါတယ်။

၆။ အမေရိက ဖာရာရာ (၂၀၁၄ ခုနှစ် မေလ)

play

 

How To Train Your Dragon အထူးပွဲမှာ မင်းသမီး အမေရိကဖာရာရာရဲ့ ဂါဝန်ကြီးထဲကို ခေါင်းတိုးဝင်ခဲ့တဲ့အတွက် အဲဒီသတင်းက နာမည်ကြီးသွားခဲ့ပါတယ်။

၇။ ဘရတ်ပစ် (၂၀၁၄ ခုနှစ် မေလ)

Maleficent အထူးပွဲပြသချိန်မှာ အတားအဆီးတွေပေါ် ခုန်ပြီး ဘရတ်ပစ်ကို ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းလုပ်ရပ်အတွက် အဖမ်းခံခဲ့ရပြီး ဆွေးနွေးလမ်းညွှန်မှု တစ်နှစ်ခံယူခဲ့ရကာ သုံးနှစ် ခံဝန်ကတိထိုးခဲ့ရပါတယ်။

၈။ ကင်မ်ကာဒါရှီယန် (ပထမအကြိမ်)

၂၀၁၄ ခုနှစ်က Paris Fashion Week မှာ ကင်မ်က ကားထဲက ထွက်လာချိန် သူမကို ဆွဲကိုင်ခဲ့တာ ဖြစ်ပါတယ်။

၉။ Ciara

play

 

အဲဒီလမှာပဲ Ciara က သူ့ရဲ့ နောက်ထပ် ပြစ်မှတ်တစ်ခုဖြစ်ခဲ့ပါတယ်။ Valentino ရှိုးပွဲမှာ Ciara ရောက်လာစဉ် ဆက်ဒိုက်က အပေါ်က အဝတ်အစားကို ချွတ်ချပြီး အတွင်းခံဘောင်းဘီလေးနဲ့ အဆိုတော် Ciara ဆီ ပြေးသွားပြီး ဖက်ခဲ့ပါတယ်။

၁၀။ မီရန်ဒါကားရ်

play

 

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မီရန်ဒါကားရ်ကို ရုတ်တရက် အနမ်းပေးခဲ့တာပါ။ ဒါပေမဲ့ မီရန်ဒါက အိနြေ္ဒမပျက် သတိမထားမိသလိုသာ နေခဲ့ပါတယ်။

၁၁။ ဂျီဂျီဟက်ဒီး

play

 

လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က (စက်တင်ဘာလအတွင်း) ဂျီဂျီဟက်ဒီးကို နောက်ကနေ မလိုက်တဲ့အတွက် ဂျီဂျီက သူ့ကို တံတောင်ဆစ်နဲ့ ကျွေးခဲ့ပါတယ်။

၁၂။ ကင်မ်ကာဒါရှီယန် (ဒုတိယအကြိမ်)

play

 

ကားပေါ်က ဆင်းလာတဲ့ ကင်မ်ကာဒါရှီယန်ရဲ့ တင်ပါးကို နမ်းဖို့ ကြိုးစားခဲ့တဲ့အတွက် ကင်မ်ရဲ့ သက်တော်စောင့်တွေက အလျင်အမြန် ကာကွယ်ပေးခဲ့ရပါတယ်။ ယင်းလုပ်ရပ်အတွက် ကင်မ်က သူ့ကို တရားစွဲမယ်လို့ ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ