International Celebrity: ဝေဖန်သူတွေကို ဘီကီနီပုံတွေနဲ့တုံ့ပြန်လိုက်တဲ့ အေရီရယ်ဝင်းတား

ဝ၀ကစ်ကစ်လေးဆိုတော့ ချစ်စရာကောင်းပါတယ်။

play

သရုပ်ဆောင်လေး အေရီရယ်ဝင်းတားရဲ့ ကိုယ်ခန္ဓာဟာ အခြားမင်းသမီးတွေလို ပိန်ပိန်သွယ်သွယ်မဟုတ်တော့ အပြစ်ပြောချင်တဲ့လူတွေ များပါတယ်။ ဒီလိုလူတွေကို အေရီရယ်က တုန့်ပြန်ပြောနေမယ့်အစား ရေကူးဝတ်စုံတွေနဲ့ဓာတ်ပုံရိုက်ပြလိုက်ပါတယ်။

play

 

ROGUE မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်နေကြပုံစံလိုမျိုးမဟုတ်ဘဲ မိတ်ကပ်ကိုလည်း သေသေချာချာလေး ခြယ်သထားတာကြောင့် ၁၈ နှစ် သမီးပျိုလေးဟာ ကိုယ်ပိုင်အလှနဲ့ ဆွဲဆောင်မှုရှိနေပြန်ပါတယ်။

play

 

ဝတ်စုံတွေကလည်း သူမရဲ့ကိုယ်ခန္ဓာနဲ့ လိုက်ဖက်မှုရှိတာကြောင့် အေရီရယ်ဝင်းတားကို ကဲ့ရဲ့သူတွေမှာ ပြောစရာစကား ရှိတော့မယ်မထင်ပါဘူး။

Photo : Ariel Winter Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ