International Celebrity: တစ်ခါမှမဝတ်ဖူးတဲ့ပုံစံတွေနဲ့ အယ်လီဖန်းနင်း

ပဟေဠိဆန်တဲ့ မိန်းမငယ်လေးပုံစံပေါက်နေခဲ့ပါတယ်။

play

 

Schön မဂ္ဂဇင်းအတွက် ရိုက်ပေးခဲ့တဲ့ အယ်လီဖန်းနင်းရဲ့ပုံတွေဟာ သူမကို လုံးဝဥဿုံ အသွင်ပြောင်းလဲသွားစေပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ဖက်ရှင်တွေက သူမနဲ့ သိပ်ပြီးမလိုက်ဖက်လှပါဘူး။

play

 

မဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်စဉ်မှာတော့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အကြောင်း ပြောပြခဲ့ပါတယ်။ Live by Night ဇာတ်ကားမှာ သူမက အပြာမယ်တစ်ဦးနေရာက သရုပ်ဆောင်ခဲ့တာပါ။ " အဲဒါ အရမ်းရယ်စရာကောင်းတာပဲ၊ ကျွန်မတို့ အပြာခန်းတွေနဲ့ ဓာတ်ပုံတချို့ရိုက်ဖြစ်ခဲ့တယ်၊ ကျွန်မကတော့ ရီဟားနားဆို ဒါမျိုးဝတ်လိမ့်မယ်ဆိုပြီး တွေးမိတယ်" လို့ သူမက ပြောပါတယ်။

play

အယ်လီဖန်းနင်းဟာ ဝတ်စုံပေါင်း ၂၀ ပြောင်းလဲဝတ်ဆင်ခဲ့ရပြီး အဘွားရဲ့ဝတ်စုံလိုမျိုး ဖက်ရှင်တွေကို ဝတ်ခဲ့ရလို့ ရယ်စရာကောင်းတယ်လို့ ဆိုပါတယ်။ Schön ထဲက ပုံတွေမှာတော့ သူမဟာ ပဟေဠိဆန်တဲ့ မိန်းမငယ်လေးပုံစံပေါက်နေခဲ့ပါတယ်။

Source : Schön

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ