International Celebrity: ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ရဲ့ ကောလာဟလတွေကို နှစ်ဖက်အေဂျင်စီဖြေရှင်း

အပြင်မှာလည်း အတော်ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။

play

 

'Descendants of the Sun' ဇာတ်ကားမှာ လိုက်ဖက်ညီလွန်းစွာ သရုပ်ဆောင်ခဲ့မှုကြောင့် ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ရဲ့ ပြင်ပဘဝအထိပါ ရိုက်ခတ်လာပါတယ်။ DOTS ပရိသတ်တွေက သူတို့နှစ်ဦးကို အပြင်မှာပါ ချစ်သူတွေဖြစ်သွားစေချင်နေကြပါတယ်။

play
ဆိုးလ်ဒရာမာဆုပေးပွဲမှာ အတူတွေ့ရစဉ်

 

တချို့ဝက်ဘ်ဆိုက်တွေမှာလည်း ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ လက်ထပ်သွားကြသလိုမျိုး ရေးသားနေကြသလို အချို့ဝက်ဘ်ဆိုက်တွေမှာဆိုရင် ကလေးတောင်ရနေပြီလို့ ရေးသားနေကြပါတယ်။ ဒီလိုကောလာဟလတွေ ကျယ်ပြန့်သထက် ကျယ်ပြန့်လာလို့ သရုပ်ဆောင်နှစ်ဦးရဲ့အေဂျင်စီက ကြေညာချက်တောင် ထုတ်ယူလိုက်ရတဲ့အထိပါပဲ။

play

 

ဒီလိုသတင်းတွေက အမှန်လုံးဝမဟုတ်ကြောင်းနဲ့ ရယ်စရာကောင်းလွန်းလို့ ရယ်ပဲရယ်နေလိုက်ပါတယ်လို့ နှစ်ဖက်အေဂျင်စီက မီဒီယာတွေကို ပြောကြားခဲ့ကြပါတယ်။ မဟုတ်မမှန်သတင်းတွေကို စတင်ဖြန့်ချိတာက တရုတ်ဝက်ဘ်ဆိုက်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ