play

 

ရိုင်ယန်ရေးနိုးနဲ့ ဘလိတ်ခ်လိုက်ဗလီတို့ ဇနီးမောင်နှံဟာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ အသက် ၂၉ နှစ်အရွယ် ဘလိတ်ခ်က မတ်ဟက်တန်ဆေးရုံမှာ မီးဖွားခဲ့တယ်လို့ သိရပါတယ်။

play

 

ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကိုတော့ ထုတ်မပြောကြသေးပါဘူး။ ရွိုင်ယန်နဲ့ဘလိတ်ခ်တို့မှာ အသက် ၂ နှစ်အရွယ် သမီးလေး ဂျိမ်းစ်ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

play

 

ကလေးကိုလာကြည့်ရင်း သတင်းမေးကြသူတွေထဲမှာ တေလာဆွစ်က ထိပ်ဆုံးကပါဝင်တယ်လို့လည်း သိရပါတယ်။ ဘလိတ်ခ်နဲ့တေလာတို့ဟာ ယမန်နှစ်ကမှ စတင်ခင်မင်ခဲ့ကြတာပါ။ ကလေးမိခင်မို့ တေလာဆွစ်သွားရာကို မလိုက်နိုင်ပေမဲ့ ဇူလိုင်လက တေလာဆွစ်အိမ်မှာလုပ်တဲ့ပါတီကိုတော့ ရွိုင်ယန်ရောဘလိတ်ခ်ပါ တက်ရောက်ခဲ့ကြပါတယ်။

Source : Page Six

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video