International Celebrity: နှုတ်ခမ်းသားမှာ တက်တူးထိုးလိုက်တဲ့ ကန်ဒဲလ်

, updated

ဟေလီဘောဝင်းနဲ့လည်း တက်တူးဆင်တူထိုးဖူးပါတယ်။

play

 

ကြာသပတေးနေ့က နယူးယော့ခ်မြို့ရှိ တက်တူးဆိုင်တစ်ခုမှာ ကန်ဒဲလ်ဂျန်နာ တက်တူးထိုးသွားတဲ့အကြောင်းကို တက်တူးပညာရှင်က အင်စတာဂရမ်ပေါ်မှာ တင်ထားပါတယ်။ မော်ဒယ်လေးက မှန်ရှေ့မှာ တက်တူးကိုကြည့်နေတုန်း သူကဓာတ်ပုံလှမ်းရိုက်လိုက်တာပါ။

play

 

အောက်နှုတ်ခမ်းရဲ့ အတွင်းသားထဲမှာ MEOW ဆိုတဲ့ စာကို ထိုးထားတာဖြစ်ပါတယ်။ ကြောင်အော်သံ "မြောင်" ကို ဘာအဓိပ္ပာယ်နဲ့ထိုးသလဲတော့မသိပါဘူး။

play

 

ကန်ဒဲလ်ဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟေလီဘောဝင်းနဲ့လည်း တက်တူးဆင်တူထိုးဖူးပါတယ်။ ကွဲအက်နေတဲ့ အသည်းပုံစံကို ဟေလီကအနီရောင်ထိုးထားတာဖြစ်ပြီး ကန်ဒဲလ်ကတော့ အဖြူရောင်ထိုးထားတာပါ။

Photo : Jonboytattoo Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ