International Celebrity: နီရဲလ်ဟိုရန်ရဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းကို လျစ်လျူရှုခဲ့တဲ့ ဇေးမောလစ်

သူတို့ကြားမှာ မကျေလည်မှုတွေရှိတယ်ဆိုတဲ့ ကောလာဟလတွေက ပိုပြီးခိုင်မာလာခဲ့ပါတယ်။

play

 

ဒီသတင်းပတ်ထဲမှာ နီရဲလ်ဟိုရန်က သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်သီချင်းကို ထုတ်လွှင့်ခဲ့တာဖြစ်ပြီး One Direction အဖွဲ့ဝင်ဟောင်းတွေထဲမှာ ဂုဏ်ပြုစကားမပြောဘဲ ငြိမ်နေတဲ့သူဆိုလို့ ဇေးမောလစ်တစ်ယောက်ပဲရှိပါတယ်။

ဟယ်ရီစတိုင်က AnOhter Man မဂ္ဂဇင်းကာဗာပုံတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပြီးတဲ့နောက် နီရဲလ်က သူ့ရဲ့ တစ်ကိုယ်တော်သီချင်းနဲ့ အားလုံးကို အရူးအမူးဖြစ်သွားစေခဲ့ပြန်ပါတယ်။

This Town လို့ အမည်ရတဲ့ အဲဒီသီချင်းဟာ ကမ္ဘာတစ်ဝန်းလုံးက အရောင်းရဆုံးစာရင်းထဲမှာတောင် ပါဝင်နေပါပြီ။

play

 

နီရဲလ်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့တဲ့ ပရိသတ်တွေ ထောင်နဲ့ချီ ရှိခဲ့သလို ဇေးမောလစ်ကလွဲလို့ One Direction အဖွဲ့ဝင်အားလုံးကလည်း တွစ်တာကနေ ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။

ဇေးဟာ ဆိုရှယ်မီဒီယာကို အသုံးပြုနေပြီး သူ့ရဲ့ ပါးသိုင်းမွေးရိတ်ထားတဲ့ ပုံစံအသစ်ကိုတောင် အင်စတာဂရမ်မှာ တင်ခဲ့သေးပေမဲ့ နီရဲလ်ဟိုရန်ရဲ့ စွန့်စားခန်းအသစ်အတွက် လူသိရှင်ကြား ဂုဏ်ယူကြောင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ