International Celebrity: ကွာရှင်းခွင့်လျှောက်လွာတင်မှုအပြီး အနုပညာအလုပ်တွေ ပြန်စလိုက်တဲ့ ဂျိုလီ

ဘရတ်ပစ်နဲ့ကွာပေးဖို့ကို ဘယ်သူ့မှကြိုမပြောခဲ့ဘဲ ရုံးတော်မှာလျှောက်ခဲ့တာပါ။

play

အော်စကာဆုရှင် အန်ဂျလီနာဂျိုလီဟာ အိမ်ထောင်ရေး၊ မိသားစုရေး ရှုပ်ထွေးနေတဲ့ကြားကပဲ အနုပညာအလုပ်တွေ ပြန်စလိုက်ပါတယ်။ စစ်ပွဲအခြေပြု ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ သဘောတူလိုက်တာပါ။

play

 

အာဖဂန်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးဗိုလ်မှူး မေရီ ဂျန်နင်း ဟီဂါအကြောင်းကို Shoot Like a Girl အမည်နဲ့ ရုပ်ရှင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဂျိုလီကတော့ ဟီဂါနေရာကနေ သရုပ်ဆောင်မှာပါ။ ဇာတ်ညွှန်းတွေလည်း စပြီးရေးနေပြီဖြစ်လို့ မကြာခင်ရိုက်ကူးရေးစမယ်လို့ ယူဆရပါတယ်။

play

 

ဂျိုလီဟာ ခင်ပွန်းဖြစ်သူ ဘရတ်ပစ်နဲ့ ကွာရှင်းပေးဖို့အပြင် ကလေးတွေကိုပါအုပ်ထိန်းခွင့်ရဖို့ စက်တင်ဘာလက ရုံးတော်မှာလျှောက်ထားခဲ့ပါတယ်။ ဘရတ်ပစ်ရဲ့ကလေးတွေအပေါ် ဒေါသတကြီးအုပ်ထိန်းမှုကို ရုံးတော်ကစစ်ဆေးနေစဉ်အတွင်း ကလေးတွေကို ယာယီအုပ်ထိန်းခွင့်အဖြစ် ဂျိုလီကိုပေးအပ်ထားပါတယ်။

Source : EW

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ