International Celebrity: ရှိုးလျှောက်ရင်း ချော်လဲမလို ဖြစ်သွားခဲ့တဲ့ ဂျီဂျီဟက်ဒီး

သူမရဲ့ မော်ဒယ်အရည်အချင်းကိုပါ မြင်တွေ့လိုက်ရပါတယ်။

play

 

ဂျီဂျီဟက်ဒီးနဲ့ ကာလီကလော့စ်တို့ဟာ အောက်တိုဘာလ ၁ ရက်နေ့က ပါရီမြို့မှာ ကျင်းပတဲ့ Mugler Spring Summer 2017 ရှိုးပွဲမှာ သူတို့ရဲ့ စူပါမော်ဒယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အကောင်းဆုံးဆောင်ရွက်သွားနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။

play

 

သူတို့နှစ်ဦးဟာ New York နဲ့ London Fashion Week တွေမှာ လျှောက်လှမ်းခဲ့ကြပြီးတဲ့နောက် အခု Paris Fashion Week ကို ရောက်လာခဲ့ကြပါပြီ။

play

 

ဒါပေမဲ့ ဂျီဂျီဟာ ညီမငယ် ဘယ်လာဟက်ဒီးလို အရှက်ကွဲမလို ဖြစ်သွားခဲ့ပါတယ်။ ဘယ်လာဟက်ဒီးဟာ မကြာသေးမီက လျှောက်လမ်းပေါ်မှာ ချော်လဲကျခဲ့ဖူးပါတယ်။

play

 

အခုလည်း ဂျီဂျီဟက်ဒီးဟာ ဒေါက်မြင့်ဖိနပ်ပေါ်မှာ ယိုင်တိုင်တိုင်ဖြစ်သွားခဲ့ပေမဲ့ ဝါရင့်မော်ဒယ်တစ်ဦး ပီသစွာပဲ ချက်ချင်းပဲ အိနြေ္ဒဆည်လိုက်နိုင်ခဲ့ပြီး ဟန်မပျက်ဆက်လက် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ