International Celebrity: ကင်မ်ကာဒါရှီယန် သေနတ်နဲ့ခြိမ်းခြောက်ခံရလို့ ကာညေးရဲ့ရှိုးပွဲ စောလျင်စွာသိမ်းလိုက်ရ

"ကျွန်တ်ာတောင်းပန်ပါတယ်၊ မိသားစုအရေးပေါ်ကိစ္စဖြစ်လာလို့ပါ"

play


တနင်္ဂနွေညက နယူးယော့ခ်မြို့ Meadows Festival မှာ သီဆိုဖျော်ဖြေနေတဲ့ ကာညေးဝက်စ်ဟာ ဇနီးသည်အရေးကြောင့် ရှိုးပွဲကို စောစောစီးစီးသိမ်းလိုက်ရပါတယ်။

play
ကင်မ်ဟာပါရီမြို့ ဖက်ရှင်ရက်သတ္တပတ်ကိုဆင်နွှဲဖို့ ခရစ္စ၊ ကော့တနေ၊ ကန်ဒဲလ်တို့နဲ့အတူ ရောက်နေတာပါ။


ကင်မ်ကာဒါရှီယန်ဟာ လက်ရှိမှာ ပါရီမြို့ကိုရောက်နေတာဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ သေနတ်ထောက် လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ ငါးဦးက ကင်မ်ရဲ့အခန်းထဲကိုရောက်လာခဲ့ပြီး ဒေါ်လာသန်းနဲ့ချီတန်တဲ့ လက်ဝတ်ရတနာတွေကို ခြိမ်းခြောက်လုယူသွားခဲ့ပါတယ်။ ကင်မ်က အလန့်တကြားဖြစ်ခဲ့ရပေမဲ့ ထိခိုက်ဒဏ်ရာရသွားတာမျိုးတော့ မရှိခဲ့ပါဘူး။

play


ကာညေးဟာ စင်ပေါ်ကို ည ၈ နာရီ ၄၅ မိနစ်မှာ ရောက်လာခဲ့ပြီး မူလက ည ၁၀ နာရီအထိ ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမဲ့ ကင်မ်ရဲ့သတင်းကြောင့် ၉ နာရီ ၄၀ မိနစ်အထိသာ ဖျော်ဖြေသွားပါတယ်။ Heratless သီချင်းကို ဆိုနေရင်း ဇနီးရဲ့အကြောင်းကို သိလိုက်ရလို့ သီချင်းတန်းလန်းနဲ့ပဲ ပရိသတ်ကိုတောင်းပန်ကာ စင်ပေါ်ကဆင်းသွားခဲ့ပါတယ်။

Source : Billborad

Photo : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ