International Celebrity: အသက်မပြည့်သေးဘဲ အရက်ဝယ်ဖို့ ကြိုးစားခဲ့တဲ့ ဘရွတ်ကလင်းဘက်ခမ်း

လူမိသွားလို့ ရှက်ခဲ့ရပါတယ်။

play

 

ဘရွတ်ကလင်းဘက်ခမ်းဟာ Apple Music Festival မှာ အရက်ဝယ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့သား အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဟာ သူငယ်ချင်းတွေနဲ့အတူ လန်ဒန်မြောက်ပိုင်းက နာမည်ကြီး Roundhouse ကဇာတ်ရုံမှာ Chance The Rapper ရဲ့ရှိုးပွဲကို ကြည့်နေရင်း အပေါ်ထပ်က ဘားကိုတက်သွားခဲ့ပါတယ်။

play
လန်ဒန်ရှိ Roundhouse ကဇာတ်ရုံ

 

ဒါပေမဲ့ ဘားဆိုင်က ဝန်ထမ်းက သူ့ကို မှတ်မိနေပြီး  အသက်မပြည့်သေးမှန်း သိနေခဲ့ပါတယ်။

"ငါ မင်းကို သိတယ်။ မင်း ဘရွတ်ကလင်းဘက်ခမ်းပဲ" လို့ ထိုလူက ပြောတဲ့အတွက် ဘရွတ်ကလင်းဟာ မျက်နှာ နီရဲသွားပြီး အချိုရည်သာ ယူသွားခဲ့ရတယ်လို့ သိရပါတယ်။

play

 

ဘရွတ်ကလင်းဟာ ရှင်းသန့်လှတဲ့ ရုပ်ရည်ရှိသူအဖြစ် နာမည်ကြီးသူဖြစ်ပြီး အရက်သေစာနဲ့ ဆေးလိပ်ကို ရှောင်တယ်လို့ သူနဲ့ရင်းနှီးသူတစ်ဦးက ပြောခဲ့ဖူးပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ