International Celebrity: ဒေးဗစ်ဘက်ခမ်းတို့စုံတွဲကို လက်စားချေတော့မယ့် အိမ်နီးချင်းများ

အိမ်သစ်ကို ပြုပြင်နေတာ နားမခံသာတဲ့အတွက် အိမ်နီးချင်းတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

play

 

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းတို့စုံတွဲက သူတို့ရဲ့ ဒေါ်လာ ၁၀ သန်းတန်အိမ်ကြီးကို ပြုပြင်လို့ ပြီးစီးသွားခဲ့ပါပြီ။

ဒါပေမဲ့ အနောက်လန်ဒန်မှာရှိတဲ့ သူတို့ရဲ့ အိမ်ကြီးကို သုံးနှစ်တာ ပြုပြင်နေချိန်မှာ ဆူညံသံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ အိမ်နီးချင်းတွေက လက်စားချေဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

play

 

အိမ်နီးချင်းတစ်ယောက်က အိမ်ပြင်ဆင်မှုစတင်နေပြီဖြစ်ပြီး သုံးနှစ်လောက်ကြာမယ်လို့ ဆိုပါတယ်။

တခြားအိမ်တွေကလည်း မီးဖိုခန်းတွေပြင်တာ၊ တိုက်ခန်းတွေကို ပြင်ဆောက်တာနဲ့ အဆောက်အအုံတိုးချဲ့တာတွေကို လုပ်တော့မှာပါ။

play

 

"ဖုန်မှုန့်တွေ၊ ဆူညံသံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ အိမ်နီးချင်းတွေက သူတို့ရဲ့ အဆောက်အအုံတွေကို ပြုပြင်နေကြတာကို သတိထားမိတယ်" လို့ Holland Park Residents’ Association ရဲ့ ဥက္ကဋ္ဌ ဂျွန်ကောင်းဒရိုင်းက ပြောခဲ့ပါတယ်။

နာမည်ကြီးလှတဲ့ သူတို့စုံတွဲကို မြင်တွေ့ရဖို့ မျှော်လင့်ချက်နဲ့ ကမ္ဘာလှည့်ခရီးသွားတွေလည်း ယင်းဧရိယာတစ်ဝိုက်ကို ရောက်ရောက်လာကြတယ်လို့လည်း အိမ်နီးချင်းတွေက ညည်းညူနေကြပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ