International Celebrity: ပါရီဖက်ရှင်ရှိုးပွဲကို အတူနွှဲခဲ့တဲ့ ဇေးနဲ့ဂျီဂျီ

, updated

တစ်ယောက်လက်ကိုတစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်ရင်း ပြုံးရွှင်နေကြပုံဟာ ကြည်နူးစရာပါပဲ။

play

 

ပြင်သစ်နိုင်ငံ ပါရီမြို့က ဖက်ရှင်ရက်သတ္တပတ်ကို ကာဒါရှီယန်-ဂျန်နာ မိသားစုက ဆယ်လီတွေ ရောက်ရှိနေပေမဲ့ တနင်္ဂနွေညမှာတော့ လူတွေအာရုံစိုက်ကြတာကတော့ ဇေးနဲ့ဂျီဂျီတို့ကိုပါ။ ချစ်ဖို့ကောင်းတဲ့စုံတွဲလေးက ပွဲလမ်းသဘင်တွေကို အတူတွဲပြီးတက်လေ့မရှိတာကြောင့်လည်း ပါပါတယ်။

play

 

Givenchy အမှတ်တံဆိပ်က ပြုလုပ်တဲ့ ဖက်ရှင်ရှိုးကို အတူတူရောက်လာတဲ့ ဇေးမာလစ်နဲ့ ဂျီဂျီဟက်ဒီးတို့အနားမှာ ပရိသတ်တွေ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ သက်တော်စောင့်နဲ့ လုံခြုံရေးတွေကြားမှာ တစ်ယောက်လက်ကိုတစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်ရင်း ပြုံးရွှင်နေကြပုံဟာ ကြည်နူးစရာပါပဲ။

play

 

တီရှပ်နဲ့ဘောင်းဘီရှည်ကို တွဲဝတ်ထားတဲ့ ဇေးရဲ့ပေါ့ပေါ့ပါးပါးစတိုင်ကလည်း ချစ်သူ မော်ဒယ်လေး ဂျီဂျီနဲ့ လိုက်ဖက်လှတာကို တွေ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ