International Celebrity: သြစတြေးလျမှာ လိင်တူထိမ်းမြားခွင့်ပေးသင့်ကြောင်း မားဂေါ့ရော်ဘီတိုက်တွန်း

ရုပ်သံအစီအစဉ်မှာ စင်ပေါ်တက်ပြီး သူမရဲ့သဘောထားအမြင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

သြစတြေးလျ မင်းသမီးလေး မားဂေါ့ရော်ဘီဟာ သူမရဲ့အမိမြေမှာ လိင်တူထိမ်းမြားခွင့်ပေးသင့်ကြောင်း ရုပ်သံကနေတစ်ဆင့် တိုက်တွန်းခဲ့ပါတယ်။

play

 

လိင်တူထိမ်းမြားခွင့်ကို ထောက်ခံတဲ့ Say I Do Down Under စာတမ်းပါ တီရှပ်အနက်ကိုဝတ်ပြီး လိင်တူထိမ်းမြားခွင့်ကို ဥပဒေအရ ခွင့်ပြုသင့်ကြောင်း ပြောခဲ့တာပါ။ စနေနေ့ညက တိုက်ရိုက်လွှင့်တဲ့ ရုပ်သံအစီအစဉ်မှာ စင်ပေါ်တက်ပြီး သူမရဲ့သဘောထားအမြင်ကို ပြောကြားရင်း အစိုးရကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

play

 

သြစတြေးလျမှာ လက်ထပ်ခွင့်သာတူညီမျှရှိရေးအတွက် ဗြိတိန်သရုပ်ဆောင် ဂျိုရှု စက်စီက စတင်လှုပ်ရှားနေတာဖြစ်ပြီး Say I Do Down Under တီရှပ်တွေဟာ ယင်းကမ်ပိန်းကိုထောက်ခံတဲ့အနေနဲ့ ဝတ်ဆင်ကြတာလည်းဖြစ်ပါတယ်။

Source : Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ