International Celebrity: ဒေါ်လာ ၁၀ သန်းကျော်တန် ရတနာတွေ ဓားပြတိုက်ခံရပြီးနောက် ပါရီမြို့က ထွက်ပြေးသွားတဲ့ ကင်မ်ကာဒါရှီယန်

စက်တင်ဘာလ ၃ ရက် မနက်မှာ သီးသန့်လေယာဉ်နဲ့ ထွက်သွားခဲ့တာပါ။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်ကာဒါရှီယန်ဟာ စက်တင်ဘာလ ၃ ရက် မနက် ၂ နာရီခွဲ ဝန်းကျင်မှာ ဓားပြတိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

play

 

ရဲအရာရှိလို ဝတ်ဆင်လာကြတဲ့ ဓားပြ ၅ ဦးဟာ ဒေါ်လာ ၆.၇ သန်းတန် ရတနာသေတ္တာတစ်ခုနဲ့ ဒေါ်လာ ၄.၅ သန်းတန် လက်စွပ်တစ်ကွင်းကို ယူသွားတယ်လို့ သိရပါတယ်။

ပါသွားတဲ့ ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဒေါ်လာ ၁၆ သန်းအထိတောင် ရှိနိုင်တယ်လို့ အတွင်းလူတစ်ဦးက ပြောကြားခဲ့ပါတယ်။

play

 

ဒါ့အပြင် ကင်မ်ဟာ သူ့ရဲ့ တန်ဖိုးကြီးစမတ်ဖုန်း နှစ်လုံးပါ ပျောက်နေတာဖြစ်ပြီး ဖုန်းထဲမှာလည်း သူမရဲ့ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပါရှိနေပါတယ်။

ကင်မ်ငှားရမ်းနေခဲ့တဲ့ ပါရီမြို့ရှိ အဆင့်မြင့်တိုက်ခန်းဆီကို ဓားပြတွေက ရောက်လာပြီး အစောင့်ကို ခြိမ်းခြောက်ကာ ကင်မ်ရဲ့အခန်းကို မေးမြန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

play
အစ်မဖြစ်သူရဲ့ သတင်းကြားကြားချင်း အပြေးရောက်လာတဲ့ ကန်ဒဲလ်ဂျန်နာ

 

သူတို့ဟာ ကင်မ်ရဲ့အခန်းထဲကို ဝင်လာပြီး ကင်မ်နဲ့ သူမရဲ့ဘော်ဒီဂတ်ကို သေနတ်နဲ့ ခြိမ်းခြောက်ကာ ကြိုးနဲ့ချည်ပြီး ရေချိုးခန်းထဲမှာ သော့ခတ်ထားခဲ့ပါတယ်။

Paris Fashion Week အတွက် ရောက်ရှိနေတဲ့ ကင်မ်ဟာ တုန်လှုပ်ခြောက်ခြားနေပေမဲ့ ထိခိုက်ဒဏ်ရာရထားတာ မရှိဘူးလို့ သိရပါတယ်။

play

မိုးလင်းချိန်မှာတော့ ကင်မ်ဟာ အနက်ရောင်ပုဝါကို ခေါင်းမှာ အုပ်ပြီး Le Bourget လေဆိပ်မှာ အသင့်စောင့်နေတဲ့ သီးသန့်လေယာဉ်နဲ့ အမေရိကကို ပြန်သွားခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ