International Celebrity: ဖောက်ပြန်တတ်တဲ့ချစ်သူကို လက်မလွှတ်နိုင်ဘူးလို့ ဆောင်းဂျီဟိုပြော

, updated

တစ်ကြိမ်လောက် မှားဖူးတဲ့အမှားကို ခွင့်လွှတ်ပေးမယ့်သဘောပါပဲ။

play

 

သရုပ်ဆောင်ပီပြင်သလို Running Man အစီအစဉ်မှာလည်း ပရိသတ်အချစ်တော်ဖြစ်ရတဲ့ မင်းသမီးလေး ဆောင်းဂျီဟိုဟာ ဖောက်ပြန်တတ်တဲ့အချစ်အပေါ် သူမရဲ့ခံယူချက်ကို ဖွင့်ပြောခဲ့ပါတယ်။ မကြာခင်ရိုက်ကူးမယ့် ဇာတ်လမ်းမှာ သူမက ဖောက်ပြန်တတ်တဲ့ခင်ပွန်းရဲ့ ဇနီးနေရာကနေ ပါဝင်ရမှာဖြစ်လို့ ဒီအကြောင်းနဲ့ ဆက်စပ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

play

 

" ကျွန်မသာဆိုရင် ကိုယ်နဲ့အချိန်အကြာကြီး အတူရှိခဲ့သူကို လက်လွှတ်နိုင်မယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အမှားတစ်ခုပဲလေ" လို့ ပြောပါတယ်။ တစ်ကြိမ်လောက် မှားဖူးတဲ့အမှားကို အချစ်တွေနဲ့ ဖာထေးကာ ခွင့်လွှတ်ပေးမယ့်သဘောပါပဲ။

play

 

ဒီလိုမျိုး ဖြေကြားပေမဲ့လည်း ဂျီဟိုကတော့ ရိုက်ကူးရေးမရှိတဲ့ရက်တွေဆိုရင် အိမ်မှာပဲ နေနေရတဲ့ တစ်ကိုယ်တော်သမားဘဝပဲ ရှိပါသေးတယ်။

Source : Cosmopolitan Korea

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ