International Celebrity: မီးဖွားပြီးနှစ်ရက်အကြာ သူငယ်ချင်းရဲ့မင်္ဂလာပွဲကိုသွားခဲ့တဲ့ ဘလိတ်ခ်လိုက်ဗလီ

သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတော့ မီးနေသည်ဖြစ်နေတာတောင် ဂရုမစိုက်အားပါဘူး။

play

 

ဘလိတ်ခ်လိုက်ဗလီရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ပုံတွေအရ သူမဟာ မီးဖွားပြီး နှစ်ရက်အကြာမှာတင် အပြင်ရုံသာကမ မင်္ဂလာပွဲကိုပါ တက်ခဲ့တယ်လို့ ယူဆရပါတယ်။ အာဂ မိခင်ပါပဲ။ သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးကို သောကြာနေ့ကမှ မွေးခဲ့တာဖြစ်ပါတယ်။

play

 

တနင်္ဂနွေနေ့က သူမရဲ့အင်စတာဂရမ်ပေါ်မှာ " ကမ္ဘာပေါ်က အလှဆုံးသတို့သမီး၊ အချစ်ဆုံးသူငယ်ချင်း၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ငါမင်းကိုချစ်တယ်" ဆိုတဲ့ စာသားနဲ့အတူ သတို့သမီးတစ်ဦးနဲ့တွဲရိုက်ထားတဲ့ပုံကို တင်ထားတာပါ။ သတို့သမီးအမည်က ဂျက်စီကာရို့စ်ဖြစ်ပါတယ်။

play

 

ဘလိတ်ခ်ဟာ အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး သတို့သမီးကို နမ်းနေခဲ့တဲ့ပုံနဲ့ သတို့သမီးရဲ့ပုံတစ်ပုံကို သူမရဲ့အင်စတာဂရမ်မှာ တင်ထားတာ တွေ့ရပါတယ်။

Source : Blake Lively Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ