International Celebrity: ဓားပြတိုက်ခံရစဉ်က မုဒိမ်းကျင့်ခံရမှာ ကြောက်ခဲ့ရတဲ့ ကင်မ်ကာဒါရှီယန်

သူမဟာ အိပ်ရာပေါ်ကနေ ဆွဲချခံခဲ့ရတာပါ။

play

 

ရဲအရာရှိအဝတ်အစားတွေနဲ့ ရောက်လာတဲ့ လက်နက်ကိုင် ၅ ဦးဟာ ကင်မ်ကာဒါရှီယန်ကို အိပ်ရာပေါ်ကဆွဲချပြီး ကြိုးနဲ့တုတ်ကာ ရေချိုးကန်ထဲကို  ထည့်ခဲ့ပါတယ်။

အဲဒီအချိန်မှာ သူမ အကြောက်ဆုံးကတော့ ဓားပြတွေရဲ့ မုဒိမ်းကျင့်ခံရမှာကို ဖြစ်ပါတယ်။

ပါရီမြို့ရှိ  La Madeleine ဘုရားကျောင်းရဲ့နောက်က ကင်မ် ငှားရမ်းနေထိုင်တဲ့ နှစ်ထပ်တိုက်ခန်းရဲ့ လှေကားတွေကနေ ဓားပြတွေ တက်လာသံကို ကြားရချိန် အောက်တိုဘာလ ၃ ရက် တနင်္လာနေ့ မနက်အစောကြီးမှာ ကင်မ်ဟာ ရေလဲဝတ်ရုံဝတ်ပြီး အိပ်ပျော်နေခဲ့တာပါ။

play
ကင်မ်ကာဒါရှီယန် ချုပ်နှောင်ခံရပုံကို Graphic ပုံနဲ့ မြင်တွေ့ရစဉ်

 

ကင်မ်ဟာ ဖုန်းဆက်ပြီး အကူအညီမတောင်းနိုင်ခင် သူမရဲ့လက်ထဲကဖုန်း အလုခံလိုက်ရချိန်မှာ သတိရှိတဲ့ သူမရဲ့သူငယ်ချင်း ဆီမွန်ဟာရုခ်ျက  အောက်ထပ်က အိပ်ရာပေါ်ကနေ ထပြီး ရေချိုးခန်းထဲမှာ တံခါးပိတ်နေခဲ့တယ်လို့ သိရပါတယ်။

play
ကင်မ်နဲ့ ဆီမွန်ဟာရုခ်ျ

 

ကင်မ်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်နာ ဆီမွန်ဟာရုခ်ျဟာ ကင်မ်ရဲ့ ဘော်ဒီဂတ် ပက်စကယ်ဒူဗီယာကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။

ပက်စကယ်က ကော့တနီ၊ ကန်ဒဲလ်တို့နဲ့အတူ နှစ်မိုင်အကွာက Arc နိုက်ကလပ်ကို ရောက်ရှိနေခဲ့တာပါ။

play

 

အဲဒီအချိန်မှာ သနားစရာကောင်းတဲ့ ကင်မ်ဟာ ဓားပြ ၅ ဦးရဲ့ ဖမ်းဆီး၊ ကြိုးတုတ်တာကို ခံနေရပြီး သူမမှာ ကလေးနှစ်ယောက်ရှိကြောင်းနဲ့ အသက်ကို ချမ်းသာပေးပါလို့ တောင်းပန်နေရပါတယ်။ ဓားပြတွေက သူမကို ရေချိုးခန်းထဲမှာ ထားခဲ့ပါတယ်။

play

 

ဓားပြတွေက ပြင်သစ်လို ပြောဆိုနေကြတဲ့အတွက် ဘာမှ နားမလည်ပေမဲ့ သူမကို မုဒိမ်းကျင့်ကြမလားဆိုပြီး ကြောက်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

play

 

ဒါပေမဲ့ "ring..ring" လို့ သူတို့က ခဏခဏပြောနေတဲ့အတွက် သူမရဲ့ခင်ပွန်း ကာညေးဝက်စ်ပေးထားတဲ့  ၂၀ ကာရက်ရှိ လေးထောင့်ပုံ စိန်လက်စွပ်ကို ရှာနေတာကို သိလိုက်ရပါတယ်။

play

 

ဒေါ်လာ ၄.၅ သန်းတန် ယင်းလက်စွပ်ကို ဘယ်မှာထားတယ်ဆိုတာကို ဓားပြတွေကို ပြောပြလိုက်ရတယ်လို့ သူမက ဆိုပါတယ်။

ဓားပြတွေ ထွက်သွားပြီးနောက် နှစ်မိနစ်အကြာမှာ ပြန်ရောက်လာခဲ့တဲ့ ကင်မ်ရဲ့ ဘော်ဒီဂတ်ဟာ တုန်လှုပ်နေတဲ့ လုံခြုံရေးဝန်ထမ်းကို ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ