International Celebrity: ကနေဒါကျောင်းသူလေးရဲ့ စကားကြောင့် ရှက်သွားခဲ့ရတဲ့ နီရဲလ်ဟိုရန်

One Direction အဆိုတော် နီရဲလ်ဟိုရန်ဟာ ရှက်ရှက်နဲ့ ရယ်နေခဲ့ပါတယ်။

play

 

နီရဲလ်ဟိုရန်ဟာ အလန်းဆုံး အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး သူတို့အဖွဲ့ကို ခေတ်သစ် Beatles လို့တောင် အမွှမ်းတင် ခေါ်ဆိုကြပါတယ်။

play

 

ဒါပေမဲ့ One Direction အဆိုတော် နီရဲလ်ဟိုရန်ဟာ ရေဒီယိုကနေ ပရိသတ်နဲ့ ဆက်သွယ်ပြောဆိုချိန်မှာ စိတ်ဝင်စားမခံခဲ့ရဘဲ အစီအစဉ်တင်ဆက်သူ ဂျက်ကီအိုဟန်ဒါရွန်ကတောင် အတော်ကသိကအောက်နိုင်တဲ့ ဖြစ်ရပ်လို့ ဝန်ခံခဲ့ပါတယ်။

play
ကိုင်လီနဲ့ ဂျက်ကီအို

 

ယင်းအစီအစဉ်မှာ ဖုန်းနဲ့ ကနေဒါကျောင်းသူလေး အိဗ်ဆိုသူနဲ့ ဆက်သွယ်ရရှိစဉ် သူမက အတန်းထဲရောက်နေတယ်လို့ ပြောတဲ့အတွက် တွဲဖက်အစီအစဉ်မှူး ကိုင်လီက "အခု နီရဲလ်နဲ့ ဖုန်းပြောနေတယ်လို့ သူငယ်ချင်းတွေကို ပြောပြလိုက်ပါ။ သူတို့တွေ အရမ်းပျော်သွားလိမ့်မယ်" လို့ ပြောလိုက်ပါတယ်။

"ဒါပေမဲ့ ကျွန်မက ကနေဒါမှာနေတာ။ ဘယ်သူကမှ စိတ်မဝင်စားဘူး" လို့ အိဗ်က ပွင့်ပွင့်လင်းလင်း ပြောချလိုက်ပါတယ်။

play

 

အားလုံး ဘာပြောလို့ပြောရမယ်မှန်းမသိဘူး ငြိမ်သက်သွားခဲ့ပြီး နီရဲလ်က စလို့ ရှက်ရယ်ရယ်လိုက်ကာ ကိုင်လီက စကားလမ်းကြောင်းပြောင်းလိုက်ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ