International Celebrity: ဂျိုလီကြောင့် ဆောက်တည်ရာမရဖြစ်နေရတဲ့ ဘရတ်ပစ်

သူ လက်မလွှတ်ချင်တဲ့ အဓိကအကြောင်းရင်းကတော့ ကလေးတွေပါပဲ

play

 

၁၂ နှစ်ကြာ လက်တွဲလာရင်း ရုတ်တရက် ကွာရှင်းခွင့်လျှောက်ထားရုံသာမက ကလေးတွေကိုပါခေါ်သွားတဲ့ ဂျိုလီကြောင့် ဘရတ်ပစ်မှာ ဆောက်တည်ရာမရ ဖြစ်နေရပါတယ်။ အသက် ၅၂ နှစ် ရှိပြီဆိုပေမဲ့လည်း နေ့တိုင်းလိုလို မိဘတွေဆီဖုန်းဆက်ငိုကြွေးနေတယ်လို့ သိရပါတယ်။

" သူ့ဘဝ ခုလိုဖြစ်လာတယ်ဆိုတာကို မယုံနိုင်ဘူးဖြစ်နေတယ်၊ ဆောက်တည်ရာမရ ရုပ်ပျက်ဆင်းပျက်အခြေအနေကိုဖြစ်နေတာ။ သူ လက်မလွှတ်ချင်တဲ့ အဓိကအကြောင်းရင်းကတော့ ကလေးတွေပါပဲ" လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

play
ဘရတ်ပစ်ရဲ့မိဘနှစ်ပါးနဲ့အတူ ဂျိုပစ်စုံတွဲကို ၂၀၁၂ ခုနှစ်က အတူမြင်ခဲ့ရစဉ်

 

ဘရတ်ပစ်ဟာ သူ့ရဲ့မန်နေဂျာ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ မိခင်ဖြစ်သူကို ရင်ဖွင့်ပြီး စကားတွေပြောနေတယ်လို့လည်း သိရပါတယ်။

Source : US Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ