International Celebrity: ကလေးထပ်မယူတော့ဘူးဆိုတဲ့ ဗစ်တိုးရီးယားဘက်ခမ်း

ကလေး ၄ ယောက်ကို ပျိုးထောင်ရတာတောင် အတော်ခက်ခဲနေပြီလို့ ဆိုပါတယ်။

play

 

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းတို့ဟာ ပဉ္စမမြောက် ရတနာလေး ရဖို့ ကြိုးစားနေတယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားဘက်ခမ်းက ပြန်ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

"ကျွန်တော်တို့ ကလေး တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ထပ်ယူဖြစ်ချင်ဖြစ်မယ်။ မသိနိုင်ဘူးလေ" လို့ ၂၀၁၂ ခုနှစ်တုန်းက ဒေးဗစ်ဘက်ခမ်းက ပြောခဲ့ဖူးတဲ့အတွက် သူဟာ နောက်ထပ်ကလေး ထပ်လိုချင်နေတယ်လို့ လူတွေက ယူဆထားကြတာပါ။

play

 

"ဟင့်အင်း.တော်ပြီ။ လူတွေက ဒါပဲစိတ်စွဲနေတယ်။ ကွာရှင်းတော့မယ်။ ကိုယ်ဝန်ရှိနေပြီ။ ကွာရှင်းတော့မယ်။ ကိုယ်ဝန်ရှိနေပြီနဲ့ ပြောနေကြတာ ကျွန်မ ဒေးဗစ်နဲ့ တွေ့ကတည်းကပဲ" လို့ အသက် ၄၂ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားက ဆိုခဲ့ပါတယ်။

play

 

သူမရဲ့ မိသားစုနဲ့ အောင်မြင်နေတဲ့ ဖက်ရှင်လုပ်ငန်း နှစ်ခုစလုံးကို အဆင်ပြေအောင် လုပ်နေရတာ ခက်ခဲတယ်လို့လည်း သူမက ဝန်ခံခဲ့ပါတယ်။

"ကြည့်လိုက်တိုင်း ဘရွတ်ကလင်းက မအိပ်တော့ ကျွန်မ အိပ်ရာစောစော မဝင်နိုင်ဘူး။ နောက်ပြီး ဟာပါက မနက်ဆို အစောကြီးနိုးနေတတ်ပြန်ရော" လို့ သူမက ရှင်းပြပါတယ်။

play

 

"ဒါကြောင့် ကလေးတွေရှိတာ မတူညီတဲ့ အလုပ် ၄ ခုလိုပဲ။ ပြီးတော့ ကျွန်မမှာ ဒေးဗစ်နဲ့ အလုပ်ကလည်း ရှိသေးတယ်။ အမှန်အတိုင်းပြောရရင် ခက်ခဲပါတယ်" လို့ ဗစ်တိုးရီးယားက ဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ