AD
AD
AD
play

 

မကြာခင်ဖြန့်ချိတော့မယ့် အယ်လ်ဘမ်သစ် Joanne နဲ့ပတ်သက်ပြီး လေဒီဂါဂါက ဖွင့်ဟပြောကြားလိုက်ပါပြီ။ အယ်လ်ဘမ်သစ်ဟာ သူမရဲ့ဘဝထဲက အမျိုးသားတွေရဲ့လွှမ်းမိုးမှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ငါးနှစ်ကြာ လက်တွဲပြီးမှ စေ့စပ်မှုဖျက်သိမ်းလိုက်ရတဲ့ တေလာကင်နီအကြောင်းကတော့ အထူးပါဝင်လာမယ့်သဘောပါပဲ။

play

 

" ရှင် ဒီအယ်လ်ဘမ်ကိုနားထောင်တ့အခါ ကျွန်မဘဝထဲက ယောက်ျားတွေအားလုံးရဲ့ လွှမ်းမိုးမှုနဲ့ ဒီလိုထုတ်လုပ်ဖြစ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားလိမ့်မယ်။ ကျွန်မက အမြဲတမ်းလိမ္မာတဲ့ မိန်းမကောင်းလေးပဲ ဖြစ်ချင်ခဲ့တာ၊ ဂျုန်းကတော့ အဲ့လိုမိန်းမကောင်းလေးပေါ့" လို့ ဂါဂါက ပြောပါတယ်။

play

 

ဂျုန်း (Joanne) ဟာ ဂါဂါ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့တဲ့ အဖေဘက်က တော်စပ်တဲ့ အဒေါ်နာမည်လည်းဖြစ်ပါတယ်။ အဒေါ်သေဆုံးသွားတဲ့နောက် အဖေက အမြဲတမ်း အရက်တွေသောက်နေခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီသီချင်းနဲ့ အဖေ့ကိုနားလည်အောင်ကြိုးစားတာပါလို့လည်း လေဒီဂါဂါက ဆိုပါတယ်။

Source : Daily Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD