AD
AD
AD
play

 

ကာရာဒယ်လဗင်း၊ အီလီဂေါက်ဒင်း၊ ဂျီဂျီဟက်ဒီးနဲ့ ကာလီကလော့စ်တို့လို ဆယ်လီတွေ တသိုက်ကြီးပါဝင်တဲ့ တေလာဆွစ်နဲ့အဖွဲ့ကို ဒမ်မီလိုဗာတိုက သတ္တိရှိရှိနဲ့ ဝေဖန်ပြစ်တင်လိုက်တာ ဖြစ်ပါတယ်။

play

 

တေလာဆွစ်ရဲ့ ၂၀၁၄ ခုနှစ်က ထုတ်ခဲ့တဲ့ Bad Blood သီချင်းထဲမှာ ကေတီပယ်ရီနဲ့ သူမရဲ့ရန်စကို ရည်ညွန်းထားတဲ့အတွက် ဒမ်မီလိုဗာတိုက ရှုံ့ချလိုက်တာ ဖြစ်ပါတယ်။

ကေတီပယ်ရီကို အလဲထိုးနိုင်ဖို့အတွက် အသက် ၂၆ နှစ်အရွယ် တေလာဟာ အုပ်စုဖွဲ့ ပြောဆိုတာဟာ တခြားအမျိုးသမီးတွေရဲ့

လုပ်ပိုင်ခွင့်ကို ထိခိုက်စေတယ်လို့ ထင်ကြောင်း အသက် ၂၄ နှစ်အရွယ် ဒမ်မီလိုဗာတိုက ဆိုခဲ့ပါတယ်။

play

 

"ကေတီပယ်ရီကို အလဲထိုးဖို့ သီချင်းနဲ့ ဗီဒီယိုလုပ်ခဲ့တာလို့ ထင်တယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူး" လို့ Bad Blood ဗီဒီယိုနဲ့ ပတ်သက်ပြီး ဒမ်မီက ပြောခဲ့တာပါ။

play

 

ဒါ့အပြင် ယင်းဗီဒီယိုထဲမှာ ကိုယ်လုံးကိုယ်ပေါက် ပြည့်စုံလှပတဲ့ အမျိုးသမီးတွေကိုသာသုံးခြင်းက ငယ်ရွယ်တဲ့ ပရိသတ်တွေကို

အတုယူမှားစေတယ်လို့လည်း သူမက ဝေဖန်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD