International Celebrity: မော်ဒယ်မလေးတစ်ဦးကို ကားပေါ်ခေါ်တင်သွားတဲ့ ဘရွတ်ကလင်းဘက်ခမ်း

နေ့လယ်စာလည်း လိုက်ကျွေးခဲ့ပါတယ်။

play

 

အသက် ၁၆ နှစ်အရွယ် မော်ဒယ်မလေး ကင်မ်တန်းဘူးလ်ဟာ မက်ဒေါနားရဲ့သား ရော့ကိုရဲ့ သူငယ်ချင်းဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာတော့ သူမကို ဘရွတ်ကလင်းဘက်ခမ်းက လန်ဒန်မြောက်ပိုင်းရှိ Giraffe စားသောက်ဆိုင်မှာ နေ့လယ်စာလိုက်ကျွေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

play

 

ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ သားကြီးနဲ့ မော်ဒယ်မလေးဟာ လန်ဒန်မြို့ရဲ့လမ်းတွေပေါ် အတူတူလျှောက်သွားကြပြီး နောက်တစ်နေ့မှာ အခုလို ထပ်တွေ့ရတာ ဖြစ်ပါတယ်။

play

 

နှစ်ယောက်စလုံးဟာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားကြပြီး ဘရွတ်ကလင်းရဲ့ ပေါင် ၃၇,၀၀၀ (ကန်ဒေါ်လာ ၄၇,၀၀၀ ကျော်တန်) C-Class Mercedes ကားကြီးပေါ်ကို အတူတက်သွားခဲ့ကြပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ