International Celebrity: ဂျက်စတင်ဘီဘာကို ဖက်နမ်းချင်တယ်လို့ ဘရစ်တနေစပီးယားစ်ပြော

လက်မထပ်ချင်ပေမဲ့လည်း ဖက်တော့နမ်းချင်ပါသတဲ့...

play

 

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ Loose Women ဗြိတိသျှရုပ်သံအစီအစဉ်မှာ ပါဝင်ရင်း ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာကို ဖက်နမ်းချင်တယ်လို့ ဘရစ်တနေစပီးယားစ်က ပြောခဲ့တာဖြစ်ပါတယ်။

play

 

ဖက်နမ်း၊ လက်ထပ်၊ ရှောင်ကြဉ်လိုတဲ့ ဆယ်လီသုံးဦးကို ရွေးချယ်ခိုင်းတဲ့အခါ ဘရစ်တနေက ဂျက်စတင်ဘီဘာ၊ မက်ဒေါနားနဲ့ စိုင်မွန်ကောင်းဝဲလ်တို့ကို ရွေးခဲ့ပါတယ်။ ဘယ်သူ့ကို လက်ထပ်ချင်လဲလို့ မေးတဲ့အခါမှာတော့ ဂျက်စတင်ဘီဘာကိုပါလို့ ဖြေခဲ့ပြီး နောက်မှ ဖက်နမ်းချင်တာဆိုပြီး သူမရဲ့စကားကို ပြင်ခဲ့ပါတယ်။ ဘီဘာကို ဖက်နမ်းချင်ပေမဲ့ ဘယ်သူ့ကိုမှတော့ လက်မထပ်ချင်ဘူးလို့လည်း ဘရစ်တနေက ပြောပါတယ်။

play

 

ပေါ့ပ်အဆိုတော်မလေး ဘရစ်တနေဟာ အားကိုးစရာ ခင်ပွန်းသည်မရှိပေမဲ့ သားနှစ်ဦးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်နေနိုင်သလို အဆင်ပြေပျော်ရွှင်နေကြောင်းကိုလည်း ထည့်ပြောသွားခဲ့ပါသေးတယ်။

Source : US Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ