International Celebrity: သမီးထွေးလေးကို မျက်စိအောက်က အပျောက်မခံတဲ့ ဒေးဗစ်ဘက်ခမ်း

ဘက်ခမ်းနဲ့ ဟာပါလေးဟာ လက်ချင်းတွဲပြီး ကားဆီကို လျှောက်လှမ်းလာခဲ့ကြပါတယ်။

play

 

ဒေးဗစ်ဘက်ခမ်းရဲ့ သားနှစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းနဲ့ အသက် ၁၁ နှစ်အရွယ် ခရုစ်တို့က စကိတ်စီးနေစဉ်မှာ ဒေးဗစ်ဘက်ခမ်းနဲ့ ဟာပါဘက်ခမ်းတို့ဟာ လန်ဒန်စကိတ်ကွင်းကနေ ထွက်လာတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

play

 

အသက် ၅ နှစ်အရွယ် ဟာပါလေးဟာ အပြာရောင်ဝတ်စုံလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေပြီး ပါကင်ထိုးထားတဲ့ကားရဲ့ ရှေ့ခန်းမှာ ထိုင်နေတာကို မြင်တွေ့ရပါတယ်။

play

 

ဒေးဗစ်နဲ့ ဟာပါတို့က ဟာပါရဲ့အစ်ကိုနှစ်ယောက် ပြန်ထွက်အလာကို စောင့်နေတာ ဖြစ်ပြီး ပရိသတ်တွေနဲ့ စကားပြောနေတဲ့ ဘက်ခမ်းက သမီးငယ်လေးကို ကားမောင်းသူထိုင်တဲ့ ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းထားပါတယ်။

play

 

ဖခင်ရဲ့ အနက်ရောင် Land Rover ကားကြီးပေါ်မှာ ထိုင်နေတဲ့ ဟက်ပါလေးဟာ ဘက်ခမ်းရဲ့ဖုန်းကို ကိုင်ပြီ စိတ်ဝင်တစားနဲ့ ကြည့်နေကာ ဘက်ခမ်းက သမီးဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေတာကိုလည်း တွေ့ရပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ