International Celebrity: ၂၀၁၇ တစ်နှစ်လုံး သီချင်းမဆိုဘူးလို့ ဒမ်မီလိုဗာတိုကြေညာ

တခြားနယ်ပယ်တွေမှာတော့ မြင်ရနိုင်ဖွယ်ရှိပါတယ်။

play

 

အင်္ဂါနေ့က ဒမ်မီရဲ့တွစ်တာပေါ်မှာ ပရိသတ်တွေ စိတ်မကောင်းဖြစ်ရမယ့်အကြောင်းတစ်ခု ကြေညာထားတာတွေ့ပါတယ်။ လာမယ့်နှစ် တစ်နှစ်လုံး သီချင်းဆိုမှာမဟုတ်ဘူးလို့ ဒမ်မီက ရေးထားတာပါ။

play

 

" ၂၀၁၇ အတွက် အရမ်းစိတ်လှုပ်ရှားနေမိတယ်။ ဂီတနဲ့ ဆလိုက်မီးရောင်တွေကနေ ခဏ နားထားပါ့မယ်။ စီးပွားရေးကြောင့်နဲ့ မီဒီယာကြောင့်ရယ်လို့ မဆိုလိုပါဘူး" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တစ်ဦးက မေးမြန်းရာမှာတော့ ဒီလိုနားရခြင်းဟာ ပရဟိတအလုပ်တွေ ပြန်လုပ်ဖို့ဖြစ်ကြောင်း ဒမ်မီက ပြန်ဖြေခဲ့ပါတယ်။

play

 

ဒမ်မီလိုဗာတိုဟာ ယခုနှစ်ဇူလိုင်လမှာ Body Say အမည်ရှိ သီချင်းသစ်တစ်ပုဒ်ကို ဖြန့်ချိခဲ့ပြီးနောက် ရှိုးပွဲတွေကို တောက်လျှောက်သီဆိုနေခဲ့ပါတယ်။

Source : Demi Lovato Twitter

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ